ကြောင်ကိုခင်တွယ်သည့် မျောက်ကလေးရုပ်သံ ရေပန်းစား

May 4, 2017

ကြောင်ကိုခင်တွယ်သည့် မျောက်ကလေးရုပ်သံ ရေပန်းစား

ကြောင်ကိုခင်တွယ်သည့် မျောက်ကလေးရုပ်သံ ရေပန်းစား ထိုင်းတောင်ပိုင်း ကရပီခရိုင်ရှိ ဥယျာဉ်ဟိုတယ်တခုမှာ မျောက်ကလေးတကောင်က ကြောင်တကောင်ကို ချစ်ခင်စွာ ကျီစယ်ကစားနေတဲ့ပုံ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ အဲဒီမျောက်ကလေးဟာ ကရပီမြို့နယ် ဆိုင်းထိုင်းရပ်ကွက် အမေဇုန်ဥယာဉ်ဟိုတယ်ဝင်းထဲက နေအိမ်တလုံးမှာ နေထိုင်တာဖြစ်ပြီး သတင်းကြားလို့ တကယ်ဟုတ်မဟုတ် သွားကြည့်ရာမှာ တကယ်ပဲ ကြောင်တကောင်နဲ့ ပွတ်သီးပွတ်သပ်နေတာ တွေ့ရတယ်လို့ ခေါင်ဆွတ်သတင်းထောက်က ပြောပါတယ်။ မျောက်ကလေးဟာ ကြောင်ကို အယားပါကုတ်ပေးနေကြောင်း၊ အဲသလိုလုပ်တဲ့အတွက် ကြောင်ကလေးကလည်း အမြင်ကပ်တဲ့ပုံမပြဘဲ သူ့ကိုပါ ပြန်ဖက်ထားလို့ မျိုးမတူတဲ့ တိရစ္ဆှာန်တွေကြားက သံယောဇဉ်ကိုလည်း အံ့သြမိတယ်လို့ သတင်းသမားက ပြောပါတယ်။ ဟိုတယ်ပိုင်ရှင် ပြောပြချက်အရ အဲဒီမျောက်ကလေးဟာ သူ့မိခင် ကားတိုက်သေဆုံးသွားလို့ လမ်းမပေါ် ယောင်လည်လည်ဖြစ်နေစဉ် ဟိုတယ်ဝန်ထမ်းတဦးက သနားလို့ ခေါ်လာခဲ့ကြောင်း၊ ဟိုတယ်မှာ ကြောင် ၂ ကောင် ၃ ကောင်ရှိပေမယ့် သူဟာ အဲဒီကြောင်တွေနဲ့ တည့်အောင်နေတတ်ပြီး တခါတရံ ကြောင်တွေကို သန်းပါရှာပေးကြောင်း၊ ဟိုတယ်က သူ့ကို ကြိုးနဲ့ ချည်ထားတာမျိုးမလုပ်ဘဲ အချိန်မရွေး လိုရာပေးသွားပေမယ့် သူကတော့ တောထဲကို ပြန်မသွားဘဲ ကြောင်တွေနဲ့သာ ပျော်နေတာလို့ သတင်းထောက်ကို ပြောသွားပါတယ်။
4 years Ago
Up