ကြောက်မက်ဖွယ် နျူကလီးယား ဗုံးကြဲတိုက်ခိုက်ခံရပါက ကာကွယ်နိုင်ရန် လေ့ကျင့်သရုပ်ပြ

August 7, 2017

ကြောက်မက်ဖွယ် နျူကလီးယား ဗုံးကြဲတိုက်ခိုက်ခံရပါက ကာကွယ်နိုင်ရန် လေ့ကျင့်သရုပ်ပြ (ရုပ်သံ)

အခုနှစ်အတွင်း မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်စမ်းသပ်ဖောက်ခွဲမှု ၁၄ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီပစ်လွှတ်မှုတွေဟာ ဂျပန်နိုင်ငံ အနောက်မြောက်ဘက် ကမ်းရိုးတန်းဆီ ဦးတည်နေခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ တကယ်လို့များ အဏုမြူဗုံး ကြဲခံခဲ့ရရင် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ လူထုကို အသိပညာပေးဖို့ လေ့ကျင့်သရုပ်ပြပွဲတခု ပြုလုပ်ခဲ့တာပါ။ ဒီသရုပ်ပြပွဲကို နှစ်ပေါင်း ၇၀ ကျော်အကြာမှာ ပထမဆုံးအဖြစ် ဆာကာတာမြို့ငယ်လေးမှာ ပြုလုပ်ခဲ့ကြတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အချက်ပေးခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် ကလေးငယ်တွေရော၊ လူကြီးတွေကိုပါ သံမဏိအဆောက်အအုံတွင်းကို အပြေးသွားရောက် နေရာယူကြဖို့ နှိုးဆော်ခဲ့တာကို တွေ့ရပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့မှာ နောက်ဆုံး ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့တာဖြစ်ပြီး တကယ်လို့များ မြို့အပေါ် သက်ရောက်စေခဲ့ရင် ဒါကို ကာကွယ်နိုင်စေဖို့ ခုလို လေ့ကျင့်ခဲ့ကြတာပါ။ မြို့ခံတွေရဲ့ စကားသံတွေထဲမှာတော့ တကယ်လို့ အဏုမြူဗုံးကြဲတိုက်ခိုက်ခံခဲ့ရရင် ဘယ်လိုကာကွယ်ရမလဲဆိုတာ မသိနိုင်ကြောင်း၊ အကာအကွယ်တွေဟာ တကယ်ပဲ အကူအညီပေးနိုင်မလားဆိုတာ မသိနိုင်လို့ ခုလို ပါဝင်သရုပ်ပြခဲ့ကြတာလို့ ဖြေခဲ့ကြတာကို တွေ့ရပါတယ်။
4 years Ago
Up