ကြောက်မက်ဖွယ် တောင်ပြိုကျမှု အန္တရာယ်မှ လူ ၈ ဦးလွတ်မြောက်

April 27, 2016

ကြောက်မက်ဖွယ် တောင်ပြိုကျမှု အန္တရာယ်မှ လူ ၈ ဦးလွတ်မြောက် (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း၊ ဖူဂျီယမ်ခရိုင်၊ ဒါရှန်းဒေသမှာ ရုတ်တရက် ကြောက်မက်ဖွယ် တောင်ပြိုကျမှု ဖြစ်ခဲ့တာကို ရွာသားတဦးက လျှင်မြန်စွာ အသိပေးနိုင်ခဲ့လို့ လူ ၈ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဧပြီ ၂၇ ရက်က ဖော်ပြပါတယ်။ ချန်ဟွာတင်း အမည်ရတဲ့ အဲဒီရွာသားဟာ မြေပြိုကျမှုမဖြစ်ခင် ၅ မိနစ်လောက်မှာ တောင်ပေါ်က ပြိုကျလာတဲ့ ကျောက်တုံးကျောက်ခဲတွေကို စတင်သတိပြုမိခဲ့ပြီး တောင်ခြေမှာရှိနေတဲ့ တခြားအလုပ်သမားတွေကို သတိပေးခဲ့တာပါ။ အလုပ်သမားတွေရှိနေတဲ့ အဆောက်အဦဟာ တောင်ခြေမှာ ရှိနေတာဖြစ်ပြီး အဲဒီအချိန်မှာ သူတို့ဟာ ညစာစားနေခဲ့ကြတာပါ။ ချန်ဟွာတင်းက အော်ဟစ်သတိပေးခဲ့ပြီး နောက်မှာတော့ သူတို့ဟာ အသက်ဘေးကနေ သီသီလေး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြတာပါ။ တောင်ပြိုကျမှုကြောင့် တောင်ခြေမှာရှိနေတဲ့ အဆောက်အဦကတော့ ပျက်စီးသွားခဲ့တာကို လက်ကိုင်ဖုန်းမှတဆင့် မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up