မက္ကဆီကိုနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ သရဲတစ္ဆေကြီးများနေ့ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့က မြို့တော်ရဲ့ လမ်းမတွေတလျှောက် ကြောက်မက်ဖွယ် သရုပ်ပြတင်ဆက်မှုတွေနဲ့ ကျင်းပခဲ့ကြပါတယ်။
အခုနှစ်မှာတော့ ဒီပွဲတော်ကို ပွဲစီစဉ်သူတွေရဲ့ အစီအစဉ်နဲ့အတူ နာမည်ကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား Spectre ထဲကလို ၀တ်စားဆင်ယင်မှုတွေနဲ့အတူ ကျင်းပခဲ့ကြတာပါ။
အရိုးစုပုံဝတ်စုံ ၀တ်ဆင်ထားသူတွေ၊ ရိုးရာအကအဖွဲ့တွေ၊ တူရိယာတီးမှုတ်တဲ့ အဖွဲ့တွေဟာ မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ ထောင်သောင်းချီ ပါဝင်ဆင်နွှဲခဲ့ကြတာကို တွေ့ရပါတယ်။
ဒီပွဲတော်ဟာ တခြားသော ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်တွေလိုပဲ ကျော်ကြားတဲ့ ပွဲတော်တခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံမှာတော့ တကယ့်ကို ထင်ရှားတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။
ကွယ်လွန်ပြီးသူတွေဟာ ပြန်လည်ရှင်သန်ထမြောက်လာမယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဒီပွဲတော်ကို ကျင်းပနေကြတာပါ။
မနှစ်ကတော့ နာမည်ကျော် ဂျိမ်းစ်ဘွန်းဇာတ်ကား Spectre ရဲ့ အဖွင့်ရိုက်ကွင်းတွေကို ဒီအခမ်းအနားမှာ ရိုက်ကူးခဲ့တာဖြစ်လို့ အခုနှစ်မှာ ခုလို အမှတ်တရ ၀တ်ဆင်ကျင်းပဖြစ်တာလို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
4 years Ago