ကြောက်မက်ဖွယ် ကျားခြင်္သေ့တွေရဲ့ သားကောင်ကို အံ့မခန်းတိုက်ခိုက်မှုများ

April 3, 2017

ကြောက်မက်ဖွယ် ကျားခြင်္သေ့တွေရဲ့ သားကောင်ကို အံ့မခန်းတိုက်ခိုက်မှုများ (ရုပ်သံ)

ကျားခြင်္သေ့တွေဟာ ကျားနဲ့ ခြင်္သေ့မျိုးစိတ် ၂ ခု ပေါင်းစပ်မှုကနေ ပေါ်ထွက်လာတာမို့ သန်စွမ်းမှုနဲ့ တိုက်ခိုက်နိုင်စွမ်းတွေဟာ သူမတူအောင် ထက်မြက်ကြပါတယ်။ တကယ်တမ်းက ကျားနဲ့ ခြင်္သေ့ဟာ မျိုးချင်းမတူပေမယ့် မျိုးရင်းကတော့ ကြောင်ကြီးမျိုးရင်းဖြစ်တာမို့ မျိုးစပ်နိုင်ကြတာ ဖြစ်ပါတယ်။ ဖခင်ခြင်္သေ့နဲ့ မိခင်ကျားမ ပေါင်းစပ်ရာက ဖြစ်လာတဲ့ မျိုးစိတ်ကိုတော့ လိုက်ဂါ (Liger) လို့ ခေါ်ကြပြီး ဖခင်ကျားနဲ့ မိခင်ခြင်္သေ့မ ပေါင်းစပ်ရာက ဖြစ်လာတဲ့ မျိုးစိတ်ကိုတော့ တိုက်ဂွန် (Tigon) လို့ ခေါ်ကြတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကျားခြင်္သေ့တွေဟာ ပျံသန်းနေတဲ့ ငှက်တွေ၊ လျင်မြန်လှတဲ့ ဒရယ်တွေ၊ ယုန်တွေနဲ့ သန်စွမ်းလှတဲ့ တောဝက်တွေကိုတောင် တိုက်ခိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ပျံသန်းနေတဲ့ငှက်အုပ်ကို လျင်မြန်တဲ့အရှိန်နဲ့ ခုန်အုပ်ကိုက်ချီနိုင်တာတွေ၊ ရေထဲက အုပ်စုလိုက် ပြေးသွားခဲ့တဲ့ သမင်အုပ်စုနောက်ကလိုက်ရင်း တိုက်ခိုက်ဆွဲယူနိုင်ခဲ့တာတွေနဲ့ တောဝက်တကောင်လုံးကို အမဲဖျက်တိုက်ခိုက်နိုင်တာတွေဟာ တကယ့်ကို အံ့မခန်းပါပဲ။
4 years Ago
Up