ကြောက်မက်ဖွယ်

June 8, 2019

ရီးရဲလ်တိုက်စစ် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်လာနိုင်ဟု သုံးသပ်

လူကာဂျိုဗစ်အပြင် အီဒင်ဟာဇက်ကိုပါ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် လာမယ့်ရာသီ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ဟာ ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်လာဖို့ ရှိနေတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ အီဒင်ဟာဇက်ကို ကနီဦးပြောင်းရွှေ့ကြေး ၈၈ သန်းအပါအဝင် စုစုပေါင်း ပေါင်သန်း ၁၅၀ နဲ့ ခေါ်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လုပ်ခလစာအဖြစ်လည်း တပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ပေးချေရဖို့ရှိနေပါတယ်။ ချဲလ်ဆီးအသင်းမှာ ၃၅၂ ပွဲကစားပြီး ၁၁၀ ဂိုးသွင်းယူခဲ့သလို ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ယူရိုပါလိဂ် ၂ ကြိမ်၊ လိဂ်ဖလားတကြိမ်ရရှိခဲ့တဲ့ ဟာဇက်အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ သမိုင်းတလျှောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ လက်တလောမှာလည်း ဇီဒန်းအနေနဲ့ ကစားသမားခေါ်ယူတာကို ရပ်တန့်မှာ မဟုတ်သေးဘူးလို့ သိရပြီး စပါးအသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားတဲ့ အဲရစ်ခ်ဆင်ကိုလည်း ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
2 years Ago

July 15, 2017

ကြောက်မက်ဖွယ် မြေကျွံပေါက်ကြီးဖြစ် နေအိမ်များကို ဝါးမျို (ရုပ်သံ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပက်စကိုကောင်တီ လန်းအိုလိတ်ခ်ဒေသမှာ ဇူလိုင်လ ၁၄ ရက်နေ့မနက်က မြေကျွံမှုဖြစ်ခဲ့ပြီး မြေကျွံပေါက်ကြီးက အိမ် ၂ လုံး ဝါးမျိုခဲ့တဲ့မြင်ကွင်းကို ရုပ်သံထဲမှာ မြင်ရပါတယ်။ အခြားအိမ် ၉ လုံးကို ရွှေ့ပြောင်းနေရာချပေးထားပြီး မြေကျွံတဲ့ဒေသက အိမ် ၁၀၀ ဝန်းကျင်မှာလည်း လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ပက်စကိုကောင်တီရဲ့ လူထုလုံခြုံရေး လက်ထောက်အုပ်ချုပ်ရေးမှူး ကယ်ဗင်က ပြောပါတယ်။ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရရှိဘူးလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ ပေ ၂၅၀ နဲ့ ၂၂၅ ပေအကျယ်အဝန်းရှိပြီး အနက်ပေ ၅၀ ခန့်မှန်းခြေရှိတဲ့ မြေကျွံပေါက်ကြီးက ရေတွေနဲ့ပြည့်နှက်နေပြီး အပျက်အစီးအကျိုးအပဲ့တွေကြောင့် ရေတွေစီးဆင်းမှုမရှိပဲ ဒါက အိမ်တခုလုံးမှာ ဓာတုဗေဒပစ္စည်းတွေနဲ့ အဆိပ်တွေအပြည့်ဖြစ်နေတဲ့ ကွန်တိန်နာနဲ့ သွားတူနေတယ်လို့ ကယ်ဗင်က ပြောပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့မနက်က ရေကန်အသေးစားအရွယ် မြေကျွံပေါက်ဖြစ်ပေါ်ပြီး အာဏာပိုင်တွေကို အကြောင်းကြားခဲ့တာပါ။ ပက်စကိုကောင်တီရဲ့ လက်ထောက်အကြီးအကဲဖြစ်သူ ဂျေမာဖီရောက်ရှိတဲ့ မနက် ၇ နာရီ ၄၈ မိနစ်မှာ မြေကျွံပေါက်ဖြစ်ပေါ်နေပြီး အဲ့ဒီအပေါက်က အိမ်တလုံးရဲ့ ထောင့်စွန်းထိရောက်နေတာလို့ ဆိုပါတယ်။ “အိမ်ထဲမှာ ဘယ်သူမှ မရှိဘူး၊ ဒါပေမယ့် မီးသတ်တပ်ဖွဲ့တွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက အိမ်တလုံးရဲ့ထောင့်ဘက် မြေကျွံပေါက်ထဲ မကျသွားခင် ခွေး ၂ ကောင်ကို ကယ်လိုက်နိုင်တယ်။ နောက်မြေကျွံပေါက်ကြီးက မြန်မြန်ကြီးကို လှုပ်ရှားလာပြီး အပေါက်အကြီးကြီးဖြစ်ပြီး အိမ်က မြေကြီးထဲကျွံသွားတယ်။” နောက်အိမ်တလုံးက အောက်ခြေမြေသားတွေ ပြိုလာလို့ ကယ်ဆယ်ရေးတွေက အမြန်ရွှေ့ဖို့ အော်ဟစ်သတိပေးပြီး အဲ့ဒီအိမ်က သက်ကြီးရွယ်အို အမျိုးသမီးကြီးနဲ့ အခြားအမျိုးသမီးတွေကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မာဖီကပြောခဲ့ပါတယ်။ ပထမအိမ်ရဲ့ပိုင်ရှင်တွေ ရောက်လာပြီး သူတို့အိမ်ရဲ့ကျန်တဲ့အပိုင်းကို မြေကျွံပေါက်ကြီးက ဝါးမြိုလိုက်တာ တွေ့လိုက်ရတယ်။ “သူတို့တွေ ဒီနေရာကို ပြန်ရောက်လာလာချင်းပဲ အိမ်က မြေကျွံပေါက်ထဲ ဝင်သွားတယ်။ သူတို့ပစ္စည်းတွေ ဘာမှ မယူလိုက်နိုင်ဘူး။ သူတို့ပိုင်သမျှအားလုံး အဲ့ဒီမြေကျွံတဲ့ အိမ်ထဲ ပါသွားတယ်” မာဖီက ဆိုပါတယ်။ မာဖီနဲ့ ဒုတိယအိမ်သားတွေကတော့ အိမ်ထဲပြန်ဝင်ပြီး အရေးကြီးတဲ့ စာရွက်စာတမ်းတွေနဲ့ ဆေးဝါးတွေ ယူခဲ့နိုင်တယ်၊ အခြားအိမ်ပိုင်ရှင်တွေလည်း သူတို့ပိုင်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ရွှေ့ပြောင်းနိုင်တယ်လို့ သိရပါတယ်။ မြေကျွံပေါက်ကြီးတွေ ပိုမိုကြီးမားလာမှု ရပ်တန့်/ငြိမ်သွားနိုင်တယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၁၄ ရက်နေ့ညမှာ ပြောလိုက်ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေ စနိုင်မယ်လို့ ဆိုလိုလိုက်တာဖြစ်ကြောင်း စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။ “မြေကျွံပေါက်တွေက ခုဆိုရင် ငြိမ်သွားလောက်ပြီ” လို့ ပက်စကိုကောင်တီရဲ့ လူထုလုံခြုံရေး လက်ထောက်အုပ်ချုပ်ရေးမှူး ကယ်ဗင်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
4 years Ago
Up