ကြေညာဖွယ်ရှိ

December 2, 2017

ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် ကြေညာဖွယ်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် လာမယ့် သီးတင်းပတ်အတွင်း ကြေညာဖွယ်ရှိတယ်လို့ အမေရိကန်အစိုးရ ထိပ်ပိုင်းတာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၁ ရက်နေ့မျာ ပြောကြားသွားပါတယ်။ အခုကြေညာချက်ဟာ အမေရိကန်အစိုးရရဲ့ ဆယ်စုနှစ်ပေါင်း များစွာထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒကို အကြီးအကျယ်ပြောင်းလဲသွားစေမှာ ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်း ဒေသမှာလည်း ပဋိပက္ခတွေတိုးလာအောင် မီးထိုးပေးလိုက်သလို ဖြစ်သွားစေမှာပါ။ ဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားစရာ ကြေညာချက်ကို ဒီဇင်ဘာ ၆ ရက်မှာ ကြေညာဖွယ်ရှိပြီး၊ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကတိတစ်ခုဖြစ်တဲ့ အစ္စရေးက အမေရိကန်သံရုံးကို တယ်လ်အဗတ်မြို့ကနေ ဂျေရုဆလင်ကို ပြောင်းရွှေ့မယ်ကိစ္စကိုတော့ ဆိုင်းငံ့ထားဖွယ်ရှိပါတယ်။ အခုကြေညာမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်ချက်မချရသေးကြောင်း၊ အပြောင်းအလဲ ဖြစ်နိုင်ခြေရှိကြောင်းကိုလည်း အမည်မဖော်လိုတဲ့ အမေရိကန်ထိပ်တန်း အစိုးရတာဝန်ရှိသူတဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
3 years Ago
Up