ကြေညာ

March 23, 2019

အိုင်အက်စ် နောက်ဆုံးအမာခံမြေကို သိမ်းပိုက်နိုင်ပြီဟု ဆီးရီးယားတပ် ကြေညာ

အိုင်အက်စ်တွေရဲ့ ကာလီဖိတ်နိုင်ငံတော်ကို အမြစ်ပြတ်ချေမှုန်းနိုင်ပြီလို့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က မတ်လ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။ SDF မီဒီယာအဖွဲ့အကြီးအကဲ မူစတာဖာဘာလီက “ဘတ်ဟို့စ်ရွာဟာ လွတ်မြောက်ခဲ့ပြီ။ မိစ္ဆာဒိဌိတွေကို တိုက်ထုတ်ရာမှာ အောင်ပွဲရခဲ့ပြီ။” လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။ ဒီအတွက် တစ်ချိန်က အီရတ်နယ်မြေ သုံးပုံတစ်ပုံနဲ့ ဆီးရီးယားကို ခြေကုပ်ယူထားပြီး ၂၀၁၄ ခုနှစ်မှာ ကာလီဖိတ်နိုင်ငံတည်ထောင်တယ် ကြေညာတဲ့ အိုင်အက်စ်အဖွဲ့ရဲ့ နောက်ဆုံး အမာခံနယ်မြေကို သိမ်းပိုက်လိုက်တာပါ။ အဲဒီအဆောက်အဦ ခေါင်မိုးပေါ်မှာ SDF အလံကိုလွှင့်ထူပြီး အလံဘေးမှာ SDF တပ်ဖွဲ့ဝင်တွေ စုဝေးနေပုံကို ရွန်နာဟီရုပ်သံကနေ ပြသခဲ့ပါတယ်။ အမေရိကန် ကျောထောက်နောက်ခံပြု  SDF တပ်ဖွဲ့ဟာ အီရတ်နယ်စပ် ဘတ်ဟို့စ်ရွာကို သိမ်းပိုက်ဖို့ သီတင်းပတ်ချီပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။ အခုလို့  ဘတ်ဟို့စ်ရွာက အိုင်အက်စ်တွေရဲ့ နောက်ဆုံးခြေကုပ်စခန်း ကျသွားပေမယ့် အိုင်အက်စ်တွေရဲ့ ခြိမ်းခြောက်မှုကတော့ ရှိနေဆဲပါ။ အိုင်အက်စ် တိုက်ခိုက်ရေး သမားတချို့ဟာ ဆီးရီးယားရဲ့  ဝေးလံတဲ့ ကန္တာရထဲမှာ ပုန်းခိုပြီး တဖန်ပြန်လည် ခေါင်းထောင်နိုင်မယ့် အခွင့်အလမ်းကို စောင့်ဆိုင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

February 11, 2018

တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ကို အကြမ်းဖက်သူများမဟုတ်ကြောင်း ကြေညာ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMPS) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဟာ အကြမ်းဖက်သူတွေမဟုတ်ကြောင်းနဲ့ မတရားအသင်းက ပယ်ဖျက်တယ်လို့ နိုင်ငံတော်သမ္မတက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အမိန့်အရ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ သဘောတူထားတာ ဖြစ်ပါတယ်။ NMPS ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ LDU ဥက္ကဋ္ဌ ကြာခွန်ဆာတို့ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ဇန်နဝါရီ ၂၃ ရက် မနက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ပါ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံပြီး  အန်စီအေ လက်မှတ်ရေးထိုးရေး ကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုတွေ အပြီးမှာ လက်မှတ်ရေးထိုးတော့မယ်လို့ တရားဝင် ထုတ်ပြန်ခဲ့တာပါ။ အန်စီအေ သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ပါဝင် လက်မှတ်ရေးထိုး ထားပြီး သူတို့ကိုလည်း လက်မှတ်မထိုးခင်မှာပဲ မတရားအသင်းက ပယ်ဖျက်ပေးခဲ့တာပါ။
4 years Ago
More News
Up