ဝေးလ်

September 10, 2018

နေးရှင်းလိဂ် ဒိန်းမတ် ၂-၀ ဝေးလ် (ရုပ်သံဟိုက်လိုက်)

ရှင်းလိဂ် အုပ်စု (H) ပွဲစဉ်မှာ ဒိန်းမတ်က ၂ ဂိုး ဂိုးမရှိနဲ့ ဝေးလ်အသင်းကို အနိုင်ရသွားပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ လူစုံထုတ်ယှဉ်ပြိုင်သွားပါတယ်။ ဒိန်းမတ် အတွက် ဦးဆောင်ဂိုးကို ၃၂ မိနစ်မှာ အဲရစ်ဆန်က သွင်းယူပါတယ်။ ဝေးလ်အသင်းဟာ ပထမပွဲစဉ်တုန်းက အိုင်ယာလန်ကို အနိုင်ရထားပါတယ်။ ဒိန်းမတ်က အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ခြေအသာနဲ့ ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ဂိုးပေါက် ကန်သွင်းခွင့် ၆ ကြိမ်ရပြီး ဝေးလ်က ၁ ကြိမ်ပဲ ရခဲ့ပါတယ်။ ဒိန်းမတ်အတွက် ဒုတိယဂိုးကိုလည်း အဲရစ်ဆန်ကပဲ ၆၃ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူပါတယ်။ ဒီပွဲမှာ စပါးကစားသမား အဲရစ်ဆန် ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ လောလောဆယ် အုပ်စုတွင်းမှာ ဒိန်းမတ်က ၁ ပွဲကစား ၃ မှတ်နဲ့ ဦးဆောင်နေပြီး ဝေးလ်က ၂ ပွဲကစား ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ အိုင်ယာလန်က ၁ ပွဲကစား ရမှတ် မရှိသေးဘဲ ဇယားအောက်ဆုံးမှာ ရပ်တည် နေပါတယ်။
3 years Ago

July 4, 2016

ပေါ်တူဂီအသင်းကို ကြောက်စရာအကြောင်းမရှိဟု ဝေးလ်နည်းပြ ပြော

ယူရို ၂၀၁၆ အကြိုဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းကို ကြောက်စရာအကြောင်း မရှိဘူးလို့ ဝေးလ်အသင်းနည်းပြ ခရစ်ကိုးလ်မန်း (Chris Coleman) က ပြောပါတယ်။ ယူရို ၂၀၁၆ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ဇူလိုင် ၆ ရက်ည ဝေးလ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်တဲ့အခါ ဝေးလ်အသင်းဘက်က နာမည်ကြီး ကစားသမားတွေ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။ ဝေးလ်အသင်းဟာ ယူရို ၂၀၁၆ ပွဲစဉ်တွေမှာ အများက အံ့သြရတဲ့အသင်း ဖြစ်နေပါတယ်။ အုပ်စုအဆင့်မှာ အင်္ဂလန်ကို ကျော်တက်ခဲ့သလို ကွာတားအဆင့်မှာလည်း နာမည်ကြီး ဘယ်လ်ဂျီယံကို အနိုင်ရခဲ့ပြီး အကြိုဗိုလ်လုပွဲအဆင့်ထိ တက်လာတာပါ။ ဒီလို အောင်မြင်မှုမျိုးဟာ ဝေးလ်အသင်းအတွက် ၁၉၅၈ နောက်ပိုင်း တခါမှ မရခဲ့ဘူးတဲ့ မှတ်တမ်းသစ်တွေ ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေရပြီး စင်ပေါ်ရောက်တဲ့အချိန်မှာ မီးရောင်ကြောင့် မျက်လုံးကျိန်းလို့ ဆိုပြီး ထွက်လာခဲ့တဲ့ ကားလိပ်နောက်ဘက်ကို လေးဘက်ထောက်ဝင်မလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ သိက္ခာရှိရှိ ရပ်တည်မလား ဆိုတာကို ရွေးချယ်ရတော့မယ်လို့ ဝေးလ်အသင်းနည်းပြက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နည်းပြအနေနဲ့ နာမည်ကြီး အလယ်တန်း ကစားသမား ရမ်းဆေး (Ramsey) နဲ့ ဗဟို နောက်တန်းသမား ဘန်းဒေးဗစ် (Ben Davies) တို့နေရာမှာ ဘယ်သူနဲ့ အစားထိုးမလဲ ဆိုတာကိုတော့ ဂရုတစိုက် ရွေးချယ်ရဖွယ် ရှိပါတယ်။ ကစားခဲ့တဲ့ပွဲတွေမှာ ရမ်းဆေးဟာ တဂိုးသွင်းခဲ့သလို လေးဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ထူးချွန်တဲ့ ကစားသမားတွေ ဖြစ်ပေမယ့် သူတို့နှစ်ယောက် မပါဘဲနဲ့ ကစားရမှာ အခုမှ ပထမဆုံးတော့ မဟုတ်ဘူးလို့ နည်းပြက ပြောပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲ အစားထိုးထိုး ဘာမှ စိုးရိမ်စရာ မရှိသလို ကစားပွဲရဲ့ ဗျူဟာကလည်း အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပေါ်တူဂီဘက်က နာမည်ကြီးတိုက်စစ်မှူး ရော်နယ်ဒိုဟာ အခုထိ ဘာမှ ထူးထူးခြားခြား ခြေစွမ်းပြခဲ့တာမရှိလို့ သူ့ကို အထူးတလည် အာရုစိုက်နေမယ်ဆိုရင် အသင်းအတွက် အာရုံနောက်စရာပဲ အဖတ်တင်လိမ့်မယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ဝေးလ်အသင်းရဲ့ အဓိက အားကောင်းချက်ဖြစ်တဲ့ အသင်းလိုက်စုဖွဲ့ပြီး အချိတ်အဆက်မိမိ ကစားနိုင်တဲ့ အချက်ကို ထိထိရောက်ရောက် အသုံးချနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
5 years Ago
More News
Up