ဝေါ့ဒစ်စနေးကုမ္ပဏီကို တရားစွဲ

March 22, 2017

Zootopia ကာတွန်းဇာတ်လမ်း ခိုးယူသုံးချမှုအတွက် ဝေါ့ဒစ်စနေးကုမ္ပဏီကို တရားစွဲ

ဟောလိဝုဒ်ဇာတ်ညွှန်းရေးဆရာနဲ့ ပရိုဂျူဆာ ဂယ်ရီဂိုးလ်မန်းက Zootopia ကာတွန်းဇာတ်လမ်းဟာ သူရဲ့ဇာတ်လမ်းကို ခိုးယူအသုံးချခဲ့တဲ့အတွက် ဝေါ့ဒစ်စနေးကုမ္ပဏီကို မတ် ၂၁ ရက်နေ့က တရားစွဲဆိုခဲ့ပါတယ်။ နာမည်ကြီးဇာတ်လမ်းတွေ ရေးသားထုတ်လုပ်ဖူးတဲ့ ဂယ်ရီဂိုလ်းမန်းက ဒီအမှုကို  လော့စ်အိန်ဂျလိစ်ပြည်နယ်တရားရုံးမှာ  တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဂိုးလ်မန်းက Walt Disney ဟာ သူ့ရဲ့ဖန်တီးမှုအတိုင်း ဇာတ်လမ်းနာမည်ကအစ နောက်ခံပုံရိပ်တွေအထိ တထပ်တည်း ကျအောင်ယူ သုံးထားတယ်လို့ ဂယ်ရီဂိုးလ်မန်းက ပြောပါတယ်။ ဒစ္စနေကုမ္ပဏီကလည်း ဒါဟာ မှားယွင်းစွပ်စွဲမှုသာဖြစ်ပြီး တရားရုံးမှာ ပြန်လည်ချေပသွားမယ်လို့ ပြောခဲ့ပါတယ်။ Zootopia ဟာ ပြီးခဲ့တဲ့လ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးကာတွန်းရုပ်ရှင်ဆု ရရှိခဲ့ပြီး ကမ္ဘာအနှံ့ဝင်ငွေ ၁ ဘီလီယံကျော်ရရှိခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up