ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်မှာ သေဆုံး ပုပ်ပွနေတဲ့ ဝေလငါးအထီး တစ်ကောင်ကို မာန်အောင်မြို့နယ်နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကအီးကျေးရွာ ကမ်းခြော မနေ့ညနေက တွေ့ရှိခဲ့ပါတယ်။
ဝေလငါးမှာ အမြီးနဲ့ ဦးခေါင်းပိုင်းတွေ ပျက်စီးနေပြီး ကိုယ်ထည်ရှည် မျိုးစိတ်ဖြစ်ကြောင်း မာန်အောင်မြို့နယ် ငါးဦးစီး ဦးကြည်ဝင်းက ပြောပါတယ်။
ဝေလငါးဟာ အလျှားအရှည် ၂၈ ပေရှိပြီး ကိုယ်အလုံး ၁၄ ရှိတယ်လို့ သိရပါတယ်။ ငါးအသားတွေကို မြေမြှုပ်ပြီး အရိုးကို ငါးဦးစီးဌာနရုံးချုပ်ကို ပေးပို့သွားမယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။
ဇေယျာ
5 years Ago