လူအပြည့်ပါ လေယာဉ်လျှောက်လမ်းကြား ခရီးသွား အမျိုးသမီးတဦးက ယောဂလေ့ကျင့်ခန်း အဆင့်ဆင့်လုပ်ခဲ့တာကြောင့် ခရီးသွားတွကို အံ့သြသွားစေတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။
လေယာဉ်ခရီးစဉ်အတွင်း အမျိုးသမီးက သူမခန္ဓာကိုယ်ကို အကြောဆန့်ပြီး ယောဂလေ့ကျင့်ခန်းလုပ်စဉ် အခြားခရီးသည်တဦးက ရုပ်သံရိုက်ကူးခဲ့တာပါ။
နားကြပ်တပ်ဆင်ထားပြီး ယောဂကျင့်စဉ် လုပ်တဲ့အမျိုးသမီးကို လေယာဉ်ဝန်ထမ်းတွေနဲ့ အခြားခရီးသည်တွေက ရယ်မောပြီး စိုက်ကြည့်နေကြပါတယ်။
အဲဒီနောက်အမျိုးသမီးက သူမရဲ့လက်တွေကို ဆန့်ပြီး နောက်ကျောဘက်ထားကာ သူမရဲ့ ဦးခေါင်းကို ခြေထောက် ၂ ချောင်းကြားသွင်းပြီး ရောဂကျင့်စဉ်မှာ နာမည်ကြီးတဲ့ “Downward dog” ဆိုတဲ့ ပုံစံ ကျင့်ခဲ့တာပါ။
ဒီရုပ်သံ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားကာ ခုချိန်မှာ ကြည့်ရှုသူ သောင်းဂဏန်းထိရှိတယ်လို့ သိရပြီး သူမကို ဝေဖန်ထောက်ခံမှုတွေလည်း ရှိနေတာပါ။
မှတ်ချက်ရေးသူတဦးက “ဒါက မင်းရဲ့ဧည့်ခန်းမဟုတ်ဘူး လေယာဉ်ပေါ်မှာ မင်းခြေလက်တွေ ယမ်းခါနေတာကို ဘယ်သူမှကြည့်ဖို့ မလိုဘူး” လို့ ဝေဖန်ခဲ့ပါတယ်။
အခြားမှတ်ချက်ရေးသူတဦးက “လေယာဉ်စီးရတာ သက်တောင့်သက်သာမရှိဘူး၊ ကျနော်ဆိုလည်း ခရီးရှည်သွားရင် အကြောပြေဖို့ လေယာဉ်သွားလမ်းမှာ ဒိုက်ထိုးမှာပဲ၊ အဲဒီတော့ ဘာပြဿနာရှိလဲ” လို့ ရောဂကျင့်သူကို ထောက်ခံ ရေးထားပါတယ်။
ရုပ်သံထဲမှာ ရောဂကျင့်သူကို အံ့သြပြီး စိုက်ကြည့်နေတဲ့ လေယာဉ်မယ် ၂ ဦးနဲ့ ခြေဆန့်လက်ဆန့်ပြီး ရောဂကျင့်သူ သူမခုံပေါ်ပြန်ထိုင်တာ မြင်ရသလို ရောဂကျင့်နေစဉ် အခြားခရီးသည်တွေ အံ့သြပြီး ကြည့်နေကြတာလည်း တွေ့ရကြောင်း မေရာသတင်းမှာ ဇန်နဝါရီ ၂၇ ရက်က ဖော်ပြထားပါတယ်။
3 years Ago