မြေပြို၊ ၃ ဦးသေ

January 24, 2016

မရမ်းကုန်းမြို့နယ် ၀ိသုတာရုံ ဓမ္မဗိမာန်ကျောင်းတိုက်အတွင်း မြေပြို၊ ၃ ဦးသေဆုံး (ရုပ်သံ)

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက မြေပြိုမှု ဖြစ်ပွားပြီး မြေတူးလုပ်သား ၃ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။ မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် နာဂလှိုင်ဂူအနီး ဝိသုတာရုံ ဓမ္မဗိမာန်ကျောင်းတိုက်အတွင်း အလုပ်သမား ၈ ယောက် မြေတူးနေတုန်း မြေပြိုကျကာ မြေပိပြီး သေဆုံးခဲ့တာလို့ အဲ့ဒီနေရာမှာ ကူညီကယ်ဆယ်ခဲ့တဲ့ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းက ကိုအောင်သူရက ပြောပါတယ်။ “တောင်ကုန်းလိုမျိုးမြေကြီးကို တူကြတာပေါ့၊တူးကြတော့ အပေါ်ယံကနေ မတူးဘဲ အောက်ကနေတူးကြတော့ တူးတဲ့အချိန်မှာ မြေက ပြိုကျတာ၊ တူးတာက ၈ ယောက်၊ ၁ ယောက် ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ သေသွားတာက ၃ ယောက်၊ အသက်တွေက ၂၈ တယောက်၊ ၃၈နှစ် တယောက်ပါတယ်။ ၃၅ နှစ် တယောက် သေတယ်။” အခင်းဖြစ်ပွားတဲ့နေရာမှာ မီးသတ်ရှာဖွေကယ်ဆယ်အဖွဲ့နဲ့တာဝန်ရှိသူများ ဆက်လက်ရှာဖွေ နေကြပြီး မြေပိပြီး သေဆုံးသူ ၃ ယောက်ရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။ ရုပ်သံ - ဇွဲရန်နိုင်
7 years Ago
Up