မြေပြိုကျမှုကြီး

March 18, 2017

ကားကြီးနှစ်စီးကိုပါ သယ်မသွားသည့် ပီရူးက ကြောက်မက်ဖွယ် ရေစီးနှင့် မြေပြိုကျမှုကြီး (ရုပ်သံ)

ပီးရူးနိုင်ငံမှ ကြောက်မက်ဖွယ် ရေစီးနဲ့ မြေပြိုကျမှုထဲမှာ ကားတစီးနဲ့ မျောပါသွား ခဲ့တဲ့ အမျိုးသားတဦးဟာ ကံကောင်းထောက်မစွာပဲ လွတ်မြောက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပီရူးနိုင်ငံ၊ လီမာမြို့အရှေ့ပိုင်း ၃၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ချိုဆီကာခရိုင်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး အဆက် မပြတ် မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့တဲ့အတွက် ခုလို သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ရုပ်သံဖိုင်ထဲမှာတော့ ရေစီးနဲ့အတူ မြေပြိုကျလာတာကိုတွေ့ရပါတယ်။ ဒီနောက်မှာတော့ ကားကြီး နှစ်စီးလည်း ကြောက်မက်ဖွယ် မျောပါသွားခဲ့တာပါ။ ခုလိုဖြစ်ခဲ့တဲ့အတွက် လူတွေ၊ တိရစ္ဆာန်တွေဟာ ရေစီးကြောင်းထဲ မျောပါသွားနိုင်ပြီး အိမ်ခြေ ၈ ထောင် ပျက်စီးသွားခဲ့တာပါ။ လာမယ့် ဧပြီလထိ မိုးဟာ ဆက်လက်ရွာသွန်းနေနိုင်ပြီး ပစိဖိတ်သမုဒ္ဒရာတွင်း အ ပူချိန်မြင့်တက်လာမှုကြောင့် လမ်းမတွေပေါ် ရေတွေလျှံနေပြီး မြေပြိုနစ်မြုပ်မှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြကာ ငါးဖမ်းလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တွေနဲ့  ခရီးသွားလုပ်ငန်းတွေကိုလည်း ဆိုးဆိုးဝါးဝါးထိခိုက်စေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းကစတင်ကာ မတ်လ ၁၅ ရက်နေ့ထိ လူပေါင်း ၆၂ ဦးသေဆုံးပြီး သီးနှံစိုက်ခင်းဟက်တာ ၁၅၅၀၀ ကို ပျက်စီးစေခဲ့ကာ လမ်းအကွာအဝေး ကီလိုမီတာ ၁၂၀၀ လောက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအစီရင်ခံစာတွေက ဆိုပါတယ်။ ပီရူးသမ္မတ ပက်ဒရိုပါဘလို ကပ်ဇီစကီးဟာလည်း ဘေးဒဏ်သင့်တဲ့ ဒေသတွေ ဆီ လာရောက်ကြည့်ရှုခဲ့ပြီး ရေကြီးရေလျှံမှုတွေဖြစ်နေချိန်မှာ ဒေသခံတွေကို မြစ်ချောင်းတွေကို ဖြတ်မကူးကြဖို့ သတိပေးခဲ့ရပါတယ်။
5 years Ago
Up