မြွေပါလေးများ

June 17, 2018

တူနီရှားကို အင်္ဂလန် နိုင်မည်ဟု မြွေပါလေးများ ခန့်မှန်း (ရုပ်သံ)

တူနီရှားနဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်း အနိုင်ရမယ်လို့ ဗြိတိသျှ တိရစ္ဆာန်ဥယျာဉ်ထဲက မြွေပါလေးတွေက ခန့်မှန်းလိုက်ပါတယ်။ တိရစ္ဆာန်ဥယျာဉ်ထဲက မြွေပါတွေထားတဲ့နေရာမှာ  အင်္ဂလန်အသင်းနဲ့ တူနီရှားအသင်း အလံတွေထားကာ အလယ်မှာ သရေဆိုတဲ့ စာတန်းထိုးပြီး ခန့်မှန်းတာ ဖြစ်ပါတယ်။ မြွေပါလေးတွေက အင်္ဂလန်အလံရှိတဲ့ဘက်ကို သွားရောက်ကြတဲ့အတွက် အင်္ဂလန် အနိုင်ရမယ်လို့ ခန့်မှန်းလိုက်တာပါ။ အင်္ဂလန်ဟာ အုပ်စု (ဂျီ) အဖွင့်ပွဲစဉ်မှာ တူနီရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ မြွေပါလေးတွေဟာ အရင်က ပြိုင်ပွဲတွေမှာ ခန့်မှန်းရာမှာလည်း မှန်ကန်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ တပတ်တုန်းက ရုရှားနဲ့ ဆော်ဒီပွဲစဉ်မှာ ရုရှား အနိုင်ရမယ်လို့ ခန့်မှန်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ရုရှားက ဆော်ဒီကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
3 years Ago
Up