မြေမြှုပ်မိုင်း

July 16, 2019

အာဖဂန်တွင် ကားတစီး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲ၊ ၁၁ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန် တောင်ပိုင်းမှာ ဇူလိုင် ၁၅ ရက်နေ့က ကားတစီး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲတဲ့အတွက် ကလေး ၇ ယောက် အပါအဝင် ဘုရားဖူး ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်သူ ၃၃ ယောက်ရှိပြီး အဲဒီထဲမှာ ကလေး ၂၂ ယောက်နဲ့ အမျိုးသမီး ၈ ယောက် ပါဝင်တယ်လို့လည်း သိရပါတယ်။ ကန်ဒါဟာပြည်နယ် ခါးခရိစ်ခရိုင်မှာ နေ့လယ်ပိုင်းအချိန် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ သေဆုံး ဒဏ်ရာရသူတွေဟာ ဆူဖီရှားအဂ္ဂါ ဂူဗိမာန်ကို သွားရောက် ဝတ်ပြုကြတာပါ။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ ချက်ချင်း တာဝန်ယူပြောတာ မရှိပါဘူး။ ဇူလိုင် ၁၄ ရက်နေ့ကလည်း နိုင်ငံမြောက်ပိုင်း ဘယ်လာပြည်နယ်မှာ မြေမြှုပ်မိုင်း ပေါက်ခဲ့ပြီး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago

May 9, 2019

မြေမြှုပ်မိုင်းကြောင့် ခြေတဖက်ဆုံးရှုံးခဲ့သည့် ၅ နှစ်သားကလေး ကခုန်နေသည့်ရုပ်သံ ရေပန်းစား

အာမက်ဒ်ဟာ အသက် ၅ နှစ်အရွယ်သာ ရှိသေးတဲ့ အာဖဂန်လူမမယ် ကလေးငယ်တယောက်ဖြစ်ပြီး အရွယ်နဲ့မမျှတဲ့ စစ်ဘေးဒဏ်ကို ခံစားခဲ့ရသူပါ။ တာလီဘန်-အာဖဂန် နှစ်ဖက်ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေ၊ စစ်ပွဲတွေကြား မြေမြှုပ်မိုင်းကြောင့် ခြေတဖက် ဆုံးရှုံးခဲ့ရချိန်မှာ သူ့အသက် ၈ လသားအရွယ်သာ ရှိပါသေးတယ်။ သူ့ဘဝတလျှောက်လုံးမှာတော့ ခြေတုအကူအညီနဲ့သာ လှုပ်ရှားနေခဲ့ရပြီး ခုတကြိမ်မှာတော့ ၄ ခုမြောက် ခြေတုနဲ့အတူ ကောင်းမွန်စွာပဲ လမ်းလျှောက်နိုင်နေပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့၊ အရိုးအထူးကုစင်တာမှာ အာမက်ဒ်ရဲ့ ခြေတုသစ်နဲ့ ပျော်ရွှင်စွာ ကခုန်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် ပျံ့နှံ့သွားခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုတွေ လုပ်ဆောင်နေကြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူဟာ ခြေတုတပ်ထားတဲ့ ခြေထောက်နဲ့ စည်းချက်ကျ လှည့်ပတ်ကခုန်နေတာကို တွေ့ရပြီး သူ့ရဲ့အပျော်တွေဟာ အားလုံးဆီ ကူးစက် ကရုဏာသက်စရာ ဖြစ်နေခဲ့တာမို့ အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
2 years Ago
More News
Up