မြေပြင်ပေါ် လျှပ်ပျံနိုင်သည့် စက်ဘီး (ရုပ်သံ)

May 1, 2016

မြေပြင်ပေါ် လျှပ်ပျံနိုင်သည့် စက်ဘီး (ရုပ်သံ)

ဗြိတိန်နိုင်ငံသားတဦးဟာ သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့ ပဲ့ထိန်းပန်ကာ ၂ ခု ပါ မြေပေါ်လျှပ်ပျံနိုင်တဲ့ စက်ဘီးတစီးကို တီထွင်နိုင်ခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဧပြီလ ၂၉ ရက်နေ့က ဖော်ပြပါတယ်။ ကောလင်းဖာ့ဇ်အမည်ရအဲဒီ အမျိုးသားဟာ သူ့ရဲ့တီထွင်မှု သရုပ်ပြရုပ်သံဗွီဒီယို ဖိုင်ကို ယူကျု့အင်တာနက်စာမျက်နှာပေါ်မှာ တင်ခဲ့ပြီး ဘယ်လိုထိန်းချုပ်မောင်းနှင်ရ မလဲဆိုတာကို ပြသခဲ့တာပါ။ “ဒါကို တီထွင်နိုင်ဖို့ ကျနော့်ရဲ့အချိန်တော်တော်များများကို ပေးခဲ့ရတာပါ။ ဒါဟာ ကျနော့်အတွက် ပထမဆုံးမြေပြင်ကနေ အပေါ်ကို လျှပ်ပျံနိုင်တဲ့ယာဉ်ကို တီထွင်နိုင်မှုပါ ပဲ”လို့ ဖာ့ဇ်က ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာ ရေးခဲ့တာပါ။ ဖာ့ဇ်ရဲ့ မြေပြင်လျှပ်ပြေးစက်ဘီးမှာ စတီယာရင်၊ ဘရိတ်ခ်စတဲ့ ထိန်းချုပ်ကိရိယာ တွေပါဝင်ပြီး ဒါတွေဟာ တော်တော်လေးလံလွန်းတာမို့ မြေပြင်ကနေ လက်မအနည်း ငယ်အကွာသာ မောင်းနှင်ပြသနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖာ့ဇ်ရဲ့ မြေပြင်ပေါ်ပျံသန်းနိုင်မယ့် စက်ဘီးတီထွင်မှုအတွက် အစိတ်အပိုင်း ၄ ခုစီစဉ်ထားတယ်လို့ ဆိုပါတယ်။
6 years Ago
Up