မြေပြင်မှဒုံးကျည်များဖြင့် သင်္ဘောများကို

June 10, 2017

မြေပြင်မှဒုံးကျည်များဖြင့် သင်္ဘောများကို မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ် (ရုပ်သံ)

ဇွန်လ ၈ ရက်နေ့က မြေပြင်မှနေ၍ သင်္ဘောတွေကို တိုက်ခိုက်နိုင်တဲ့ ဒုံကျည်များ စမ်းသပ်ပစ်လွှတ်တာကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တက်ရောက်ကြည့်ရှုခဲ့တဲ့ သတင်းဓာတ်ပုံတွေကို မြောက်ကိုရီးယားအစိုးရသတင်း KRT က ထုတ်လွှင့်ပြသခဲ့ပါတယ်။ အခု ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားနဲ့ စေ့စပ်ဆွေးနွေးဖို့ လိုလားတဲ့ တောင်ကိုရီးယားသမ္မတသစ် မွန်ဂျေအင်းက ပြစ်တင် ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့တပတ်က ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ခဲ့အပြီး၊ အခု ဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up