မြေအောက် သိုလှောင် ဒုံးကျည်များ အီရန်အစိုးရ ပြသ (ရုပ်သံ)

A d v e r t i s e m e n t With Us

October 18, 2015

မြေအောက် သိုလှောင် ဒုံးကျည်များ အီရန်အစိုးရ ပြသ (ရုပ်သံ)

အီရန်အစိုးရပိုင် ရုပ်မြင်သံကြားက အီရန်နိုင်ငံရဲ့ မြေအောက်ဥမင်တွေမှာ သိုလှောင်ထားတဲ့ ဒုံးကျည်အများအပြားကို ပြသခဲ့ပါတယ်။ မြေအောက်မီတာ ၅၀၀ အနက်မှာ သိမ်းဆည်းထားတာကို ပြသခဲ့ပြီး အီရန်နိုင်ငံရဲ့ တာဝေးပစ် ဒုံးကျည်သစ်တွေကို စမ်းသပ်ခဲ့ပြီး ၃ ရက်အကြာမှာ အခုလိုပြသခဲ့တာပါ။ ပြီးခဲ့တဲ့တပတ်က အတိအကျ ထိန်းကြောင်းနိုင်တဲ့ တိုက်ချင်းပစ် တာဝေးဒုံးကျည်သစ်တွေကို ကုလသမဂ္ဂက ပိတ်ပင်ထားတဲ့ကြားက စမ်းသပ်ခဲ့တာပါ။ အီရန်နိုင်ငံရဲ့ တာဝေးပစ်ဒုံးကျည်တွေကို အနောက်နိုင်ငံတွေနဲ့ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေက စိုးရိမ်ကြပြီး အနာဂတ်တချိန်မှာ နူးကလီးယားထိပ်ဖူးတပ်ဆင် ပစ်လွှတ်နိုင်တယ်လို့ ယုံကြည်ကြတာပါ။ အီရန်နိုင်ငံကတော့ သူ့ရဲ့နျူကလီးယားအစီအစဉ်တွေဟာ အရပ်ဘက်စွမ်းအင်အတွက်သာဖြစ်ပြီး စစ်ဘက်နျူးကလီးယားစမ်းသပ်ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့တာကြာပြီလို့ပြောဆိုပါတယ်။ ဒါပေယ့် ကုလသမဂ္ဂစစ်ဆေးမှုတွေကို ကန့်သတ်တာနဲ့ ထောက်လှမ်းရေးအချက်အလက်တွေအရ အီရန်ဟာ နျူကလီးယားဗုံးထုတ်လုပ်နေတယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လကတော့ အီရန်နိုင်ငံနဲ့ အင်အားကြီး ၆ နိုင်ငံတို့ အီရန်နျူးကလီးယားအစီအစဉ် ထိန်းချုပ်ရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
5 years Ago
Up