၂၂ ထပ် အဆောက်အဦလောက် အနက်ရှိတဲ့ မြေအောက်မှာ လက်ဘနွန်နဲ့ အစ္စရေး နှစ်နိုင်ငံကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ မြေအောက်ဥမင်တခုကို အစ္စရေးစစ်တပ်က ဇွန်လ ၃ ရက်နေ့မှာ ပြသခဲ့ပါတယ်။
အဲဒီမြေအောက်ဥမင်ကို လက်ဘနွန် ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေ အသုံးပြုဖို့ ရည်ရွယ်ပြီး လက်ဘနွန်ဘက်ခြမ်း ၁ ကီလိုမီတာ အကွာအဝေးက စတင်ဖောက်လုပ်ထားတယ်လို့ အစ္စရေးတို့က ပြောပါတယ်။
ဥမင်အတွင်း လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို တပ်ဆင် သွယ်တန်းထားပါတယ်။
ဒီနှစ်အစောပိုင်း အစ္စရေးစစ်တပ် စစ်ဆင်ရေးအတွင်း အီရန်ထောက်ခံတဲ့ ဟစ်ဇ်ဘိုလာတွေ တူးထားတဲ့ တိုက်ခိုက်ရေးဥမင် အများအပြားကို တွေ့ရှိ ပိတ်သိမ်းခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားပါတယ်။
2 years Ago