မြေအောက်အနက်ပေ ၂၀ တွင် ပိတ်မိနေသည့် ၂ နှစ်သမီးကို ကယ်တင်

May 4, 2017

မြေအောက်အနက်ပေ ၂၀ တွင် ပိတ်မိနေသည့် ၂ နှစ်သမီးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှ အသက် ၂ နှစ်အရွယ် ကလေးငယ်တဦးဟာ ပိုက်လုံးတခုတွင်း ချော်ကျကာ မြေအောက်အနက် ပေ ၂၀ မှာ ပိတ်မိနေခဲ့တဲ့အတွက် ကယ်ဆယ်ရေးသမားတွေက စွန့်စွန့် စားစား ကယ်တင်ခဲ့ကြရပါတယ်။ အဲဒီကလေးငယ်ဟာ မိန်းကလေးတဦးဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုအနီး ကစားနေချိန်မှာ အကျယ် ၄ ဒဿမ ၇ လက်မရှိတဲ့ ပိုက်လုံးတခုထဲကို ချော်ကျသွားခဲ့တာပါ။ ကျဉ်းမြောင်းလွန်းတဲ့ ပိုက်လုံးတွင်းမှာ ကလေးငယ် အသက်ရှူမရပ်သွားခင်မှာ ကယ်တင်နိုင်ဖို့ အရေးကြီးနေခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေ ရောက်ရှိလာချိန်မှာတော့ သူတို့ဟာ ပိုက်လုံးပေါ်လာအာင် ဘေးက မြေသားတွေကို အချိန် ၁ နာရီလောက်ကြာအောင် တူးယူဖယ်ရှားပေးခဲ့ရတာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ သူတို့ဟာ ပိုက်လုံးရဲ့ ဘေးပတ်ပတ်လည်ကို ၆ မီတာအနက်လောက် အလျင်အမြန်တူးယူခဲ့ရတာဖြစ်ပြီး ပိုက်လုံးရဲ့ မျက်နှာပြင်ပေါ်လွင်လာချိန်မှာတော့ ကယ်ဆယ်ရေး သမားတဦးက ကလေးငယ်ကို ပိုက်လုံးထဲက ဆွဲထုတ်ခဲ့ရတာပါ။ ဒါဟာ တရုတ်နိုင်ငံ၊ ဟီနန်းခရိုင်ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေးငယ်ကို ဆေးကုသမှုခံယူနိုင်ဖို့ ဆေးရုံပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကိုတော့ လောလောဆယ် မသိရသေးပါဘူး။
4 years Ago
Up