မြေအောက်လိုဏ်ခေါင်းတူးပြီး ဘဏ်ဖောက်ထွင်းရန် ကြိုးစားသည့် ဓားပြအဖွဲ့အား ဖမ်းဆီး

October 4, 2017

မြေအောက်လိုဏ်ခေါင်းတူးပြီး ဘဏ်ဖောက်ထွင်းရန် ကြိုးစားသည့် ဓားပြအဖွဲ့အား ဖမ်းဆီး

ဘရာဇီးနိုင်ငံမှာ မြေအောက်လိုဏ်ခေါင်းတူးပြီး ဘဏ်တခုရဲ့ ငွေတိုက်ခန်းကို ဖောက်ထွင်းဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ ဓားပြအဖွဲ့ကို အောက်တိုဘာ ၂ ရက်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဘဏ်ရဲ့ ငွေတိုက်ခန်းမှာ ဘရာဇီး ရီးယားစ်ငွေ သန်း ၁၀၀၀ ထောင်လောက် (အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်) ရှိတယ်လို့ ဆိုပါတယ်။ ဒီဓားပြအဖွဲ့ဟာ ဘဏ်အနီးက အိမ်တအိမ်ကနေ မြေအောက်လိုဏ်ခေါင်းတူးထားတဲ့ အရှည်ဟာ မီတာ ၅၀၀ (ပေ ၁,၆၄၀) ထိ ရှိသွားပြီဖြစ်ပါတယ်။ ဒီမြေအောက်ဥမင်လိုဏ်ခေါင်းကို ပြီးခဲ့တဲ့ လေးလလောက်ကတည်းက စတင်တူးဖော်ခဲ့တာဖြစ်ပြီး လိုဏ်ခေါင်းတွင်းကို သစ်သား၊ စတီးချောင်း၊ မီးလုံးတွေပါ တပ်ဆင်ထားတာဖြစ်တယ်လို့ ဘရာဇီးရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲတပ်ဖွဲ့က  အောက်တိုဘာ ၂ ရက်နေ့မှာ ဆော်ပိုလိုမြို့က မြေအောက်လိုဏ်ခေါင်း တူးဖော်ထားတဲ့အိမ်ကို စီးနင်းခဲ့ပြီး လူ ၁၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒီပြစ်မှုမှာ နောက်ကွယ်ကညွှန်ကြားတဲ့ အဓိကတရားခံကို ဖမ်းမိဖို့ ကြိုးစားနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
4 years Ago
Up