မြောင်းမြထောင်​တွင် ထောင်​ဝင်​စာလာ​တွေ့သည့် အမျိုးသမီးထံက မူးယစ်ဆေးများ ဖမ်းမိ

A d v e r t i s e m e n t With Us

June 12, 2019

မြောင်းမြထောင်​တွင် ထောင်​ဝင်​စာလာ​တွေ့သည့် အမျိုးသမီးထံက မူးယစ်ဆေးများ ဖမ်းမိ

မြောင်းမြအကျဉ်း​ထောင်​မှာ ဇွန်လ ၁၁ ရက်ညနေပိုင်းက ထောင်​ဝင်​စာလာ​တွေတဲ့ အမျိုးသမီးတ​ဦး ယူဆောင်လာတဲ့ ကြက်သွန်နီတွေထဲက WY မူးယစ်ဆေးပြားတွေနဲ့ ICE မူးယစ်ဆေးဝါးတွေ စုစုပေါင်း ကာလတန်ဖိုးကျပ် ၅၄၃၀၀၀၀ ဖိုးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ မြောင်းမြထောင်မှာ မူးယစ်​​ဆေးဝါးမှုနဲ့ ထောင်​ဒဏ်​ ၂၄ နှစ်​ကျခံ​နေ​ရတဲ့ မြတ်​လင်းစံကို ထောင်​ဝင်​စာ​လာတွေ့တဲ့ မညွန့်​ညွန့်​စန်း(ခ)မသဇင်​ ယူ​ဆောင်​လာ​တဲ့ ထောင်​ဝင်​စာ ပစ္စည်းတွေထဲမှာ ကြက်သွန်နီ ၂၄ လုံးကိုခြမ်းပြီး ပလပ်​စတစ်​ တထပ်​ ခဲ​ရောင်​စက္ကူ တထပ်​နဲ့ လုံးပြီး ထုပ်​ထားတဲ့ WY စိတ်​ကြွရူးသွပ်​​ဆေးပြား ပန်း​ရောင်​နဲ့ အစိမ်းရောင် ၁၄၁၀ ပြား တန်​ဘိုး​ငွေ ၄၂၃၀၀၀၀ ကျပ်ဖိုးနဲ့ ICE မူးယစ်ဆေးဝါး အ​လေးချိန်​ ၂၄ ဂရမ်​ တန်​ဖိုး​ငွေ ၁၂ သိန်းကျပ်ကိုဖမ်းဆီးရမိခဲ့တာပါ။ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက "ထောင်ဝင်စာလာတွေ့တဲ့ အမျိုးသမီးဆီကနေ ပစ္စည်းတွေကို အကျဉ်းထောင်ရှာ​ဖွေ​ရေး တာဝန်​ကျဝန်ထမ်းတွေက စစ်တာမှာ မသင်္ကာစရာကြက်သွန်နီဥတွေ တွေ့တယ်လို့ အကြောင်း ကြားလို့ ရဲတပ်ဖွဲ့က သွားပြီးစစ်ဆေးတာမှာ မူယစ်ဆေးဝါးတွေကို ဖမ်းဆီးမိတာပါ။ အလားတူ ထောင်ဝင်စာလာ တွေ့တဲ့ သူတွေယူဆောင်လာတဲ့ ပစ္စည်းတွေထဲမှာ မူးယစ်ဆေးဝါးတွေ မိတဲ့ဖြစ်စဉ်မျိုးတွေလည်း ဖြစ်ခဲ့ဖူးပါတယ်"လို့ ပြောပါတယ်။ ထောင်ထဲကို မူးယစ်ဆေးဝါးတွေသွင်းဖို့ ယူဆောင်လာခဲ့တဲ့ မညွန့်​ညွန့်​စန်း ထံကနေ ဘေးလွယ်​အိတ်​ ၁လုံး၊ လက်​ကိုင်​ဖုန်း ၂ လုံး မှတ်​ပုံတင်​နဲ့ အိမ်​​ထောင်​စုစာရင်း ငွေစက္ကူ​ရောရာ ၁၅၈၀၅၀ ကျပ်​တို့ကို အသိသက်သေတွေရှေ့မှာ ရဲတပ်ဖွဲ့က ရှာ​ဖွေပုံစံနဲ့ သိမ်းဆည်းခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ဒီဖြစ်စဉ်အရ ဒေါပုံမြို့မှာ နေထိုင်တဲ့ မညွန့်​ညွန့်​စန်း(ခ)မသဇင်​ (၃၃)နှစ်နဲ့ အကျဉ်းကျ​နေတဲ့ မြတ်​လင်းစံ(၃၇)နှစ်​တို့ကို​ မြောင်းမြမြို့မရဲစခန်းက မူးယစ်​​ဆေးဝါးနှင့် စိတ်​ကို​ပြောင်းလဲ​စေ​သော ပုဒ်​မ ၁၉ (က)၊ ပုဒ်မ ၂၀ (က)နဲ့ ပုဒ်မ ၂၁ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေပါတယ်။ မြမင်းဦး(ပုသိမ်)  
2 years Ago
Up