မြောင်းမြတွင် စာမေးပွဲခန်းတာဝန်​ကျ​  ဆရာမ ၁ ဦး ရုတ်​တရက်​​ သေဆုံး

March 7, 2019

မြောင်းမြတွင် စာမေးပွဲခန်းတာဝန်​ကျ​ ဆရာမ ၁ ဦး ရုတ်​တရက်​​ သေဆုံး

ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြမြို့မှာ တက္ကသိုလ်ဝင်တန်း စားမေးပွဲခန်းတာဝန်​ကျ​ ​ကျောင်းဆရာမတ​ဦး ​နေအိမ်​မှာ မတ်​လ ၆ ရက်​မနက်​ပိုင်းက ရုတ်တရက် သေဆုံးသွားပါတယ်။ ​မြောင်းမြမြို့ အမှတ်​ (၅) အ​ခြေခံပညာအထက်​တန်း​ကျောင်းက အထက်တန်းပြဆရာမ ​ဒေါ်ခင်အေးအေးမွန် အသက်​ ၅၄ နှစ်​ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုမယ့်​​နေ့မှာ တာဝန်ထမ်းဆောင်ဖို့ ​ကျောင်းကို အချိန်မီမ​ရောက်​လာတဲ့အတွက်​ ​ကျောင်းစာရေးက သွားခေါ်စဉ် နေအိမ်မှာ လဲကျသေဆုံးတဲ့ ဆရာမကိုတွေ့ရှိခဲ့တာလို့ ဧရာဝတီတိုင်း​ ရဲတပ်​ဖွဲ့မှူး ရုံးက ​သိရပါတယ်​။ ဧရာဝတီတိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှူးရုံးက  ဒုရဲမှူးကြီးထွန်းရွှေက "​မြောင်းမြကသူ့​နေအိမ်​မှာပဲ တယောက်​တည်း​နေတာပါ။ ​သွေးတိုးရှိတယ်​လို့ လတ်​တ​လောစစ်​​ဆေး​တွေ့ရှိထားပြီ၊ ​မြောင်းမြ မြို့မရဲစခန်းမှာ ​သေမှု​သေခင်း ဖွင့်​လှစ်​ထားပါတယ်​"လို့ ​ပြောပါတယ်​။ ဆရာမရဲ့အလောင်းကို ပက်လက်အနေအထားနဲ့ အိပ်ခန်းကုတင်အနီး ပြင်ပဒါဏ်​ရာ တစုံတရာမရှိဘဲ ​သေဆုံးနေတာကို တွေ့ရှိရတာ​ကြောင့် ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် မြောင်းမြမြို့မရဲစခန်းက ​သေမှုသေခင်း ၆/ ၂၀၁၉ နဲ့ စစ်​​ဆေး​နေပါတယ်။ သတင်း- မြမင်းဦး(ပုသိမ်​)
2 years Ago
Up