မြောင်းမြတွင် ခရီးသွားလူငယ် ၂ ဦးကို

April 1, 2018

မြောင်းမြတွင် ခရီးသွားလူငယ် ၂ ဦးကို ဓားထောက်လုသည့်အဖွဲ့အား ဖမ်းဆီး

  ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ လေယာဉ်ကွင်းဟောင်းမှာ ညအချိန် ခရီးသွားတဲ့ လူငယ် ၂ ယောက်အား အုပ်စုဖွဲ့ ဓားထောက်လုယက်ခဲ့တဲ့ ၄ ယေက်ကို မြောင်းမြခရိုင်ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေပူပေါင်းမှုကြောင့် မတ်လ ၃၀ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မြောင်းမြမြို့နယ်၊ ရှမ်းစုကျေးရွာနေ မမြတ်နိုးနွယ်နဲ့ မောင်ကိုကို တို့ဟာ  မတ်လ ၂၉ ရက်နေ့ ည ၉ နာရီအချိန်လောက်က လေယာဉ်ကွင်းဟောင်းအတိုင်း ဆိုင်ကယ်စီးပြီး ရှမ်းစုရွာကေနေ သက်သာပန်းတောင်းကျေးရွာကိုအသွား ဆိုင်ကယ်တစီးနဲ့ လူ ၄ ယောက် ရောက်လာပြီး လုယက်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးက ပြောပါတယ်။ လုယက်မှုကျူးလွန်သူတွေကို ၂၄ နာရီအတွင်းမှာ  ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှူးကြီးခင်မောင်လတ်ကပြောပါတယ်။ မောင်ကိုကိုအား ဓားနဲ့ထောက် ရိုက်ပုတ်ကာ အင်္ကျီနဲ့တုပ်နှောင်ပြိး ဆွဲကြိုးနဲ့ဖုန်းကို လုယူခဲ့သလို သူမဆီကလည်း ဆွဲကြိုးကို ထပ်မံလုယူ ထွက်ပြေးသွားခဲ့တာလို့ လုယက်ခံခဲ့ရသူ မမြတ်နိုးနွယ်က ပြောပါတယ်။ ဓားထောက်လုယက်မှုအတွက် သက်သေခံပစ္စည်းနဲ့တကွ ဖမ်းဆီးရမိသူ ၄ ဦးကိုတော့ မြောင်းမြမြို့မ ရဲစခန်းက အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေတယ် လို့သိရပါတယ်။
3 years Ago
Up