မြောက်ဦး အဝေးပြေးကားလမ်းအနီးတွင် လူသေအလောင်း တွေ့ရှိ

October 30, 2016

မြောက်ဦး အဝေးပြေးကားလမ်းအနီးတွင် လူသေအလောင်း တွေ့ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အဝေးပြေးကာလမ်းအနီး ရေမြောင်းထဲမှာ လူသေအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းက ပြောပါတယ်။ ဒီနေ့မနက် ၉ နာရီအချိန်က အလောင်းကို ရေမြောင်းထဲမှာ တွေ့ခဲ့တာလို့ ကျေးရွာ အုပ်ချုပ် ရေးမှူးတဦးက အကြောင်းကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ တိမ်းညို ရဲစခန်းမှ စခန်းမှူး ဦးထွန်းသာက ဒီဗွီဘီကိုပြောပါတယ်။ “အခုအချိန်အထိ နာမည်နဲ့နေရပ်လိပ်စာကိုလည်း စုံစမ်းလို့မရသေးဘူး။ စုံစမ်းနေတုန်းဖြစ်ပါတယ်။ ကျနော်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူး အကြောင်းကြားလို့ သွားတဲ့အခါ ဒီနေ့ မနက် ၉ နာရီအချိန်ဖြစ်ပါတယ်။ ကားတိုက်တာဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ အဲ့ဒီအမှုနဲ့ ပတ်သက်လို့ ရဲလုပ်ထုံလုပ်နည်းနဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်ခင်ဗျ။” အဲ့ဒီသေဆုံးမှုနဲ့ပတ်သက်လို့ မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှ ယာဉ်တိုက်မှုနဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ သတင်း - ဝဏ္ဏခွာညို (ဓာတ်ပုံ-၀ီရထွန်း)
6 years Ago
Up