မြောက်ဦြး

March 1, 2019

မြောက်ဦးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ ခန့် နုတ်ထွက်ရန် ပြင်ဆင်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ ဖမ်းဆီးခံရပြီးနောက် ကျန်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး  ၉၀ လောက်က ရာထူးတာဝန်ကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေ ပါတယ်။ ​ မြောက်ဦးမြို့နယ်မှာ ဖေ​ဖော်​ဝါရီ ၂၈ ရက်​​ မနက်က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနဲ့ အရပ်သား ၁ ဦး ဖမ်းဆီးခံရပြီး​နောက်​ ကျန်တဲ့ ကျေးရွာအုပ်​ချုပ်​​ရေးမှူးတွေကလည်း စိုးရိမ်စိတ် တွေနဲ့  နုတ်ထွက်ဖို့ ပြင်ဆင်နေကြတာလို့ ဆိုပါတယ်။ တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က "မ​နေ့က ကျနော်တို့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးရုံးမှာ လပတ်​အစည်းအ​ဝေးလုပ်​​နေတုန်း မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးတောင်ေ​ရောက်​​သေးဘဲ ရဲတပ်​ဖွဲ့က နာမည်​​ခေါ်ပြီး လာ​ရောက်​ဖမ်းဆီးသွားတာပါ။ ရဲ မြို့နယ်မှူးက လာပြီး ​ကျေးရွာအုပ်​ချပ်​​ရေးမှူး ၄ ဦးကို ရဲစခန်းကို ခေါ်သွားကာ တခါတည်းတန်းပြီး အချုပ်ထဲကို ထည့်လိုက်တာပါပဲ။ မြို့နယ်အုပ်ချုပ်ရေးမှူးကို​တောင်​ ခွင့်ပြုချက်​မယူပဲ ဒီလိုဖမ်းသွားတာက ကျနော်တို့ ​ကျေးရွာအုပ်​ချပ်​​ရေးမှူး​တွေက အထင်​အမြင်​​သေးခံ​နေရသလို ခံစားမိတယ်​”လို့ ပြောပါတယ်။ တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့ တိုက်​ပွဲတွေကြားမှာ ​ကျေးရွာအုပ်​ချုပ်​​ရေး မှူးတွေ ကြားညပ်နေပြီး အကာအကွယ်မဲ့ လုံခြုံမှုမရှိတော့လို့   စုပေါင်းနုတ် ထွက်ကြဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။ “အပြစ်​ရှိလား၊ မရှိဘူးလား၊ ​သေချာစစ်​​ဆေးပြီးမှ အပြစ်​ရှိရင် ဖမ်း​ပေါ့။ ဥပ​ဒေအရ ဖမ်းရင်​လက်​ခံနိုင်ပါတယ်။ အခုက ​​ကျေးရွာအုပ်​ချုပ်​​ရေးမှူးတွေကို ကြက်​ခြံထဲ ​လှောင်​ထားပြီး ဆွဲခေါ်ချင်​တဲ့ အချိန်​​ခေါ်သွားသလိုမျိုးကို လက်​မခံပါဘူး။ ကျေးရွာအုပ်​ချုပ်​​ရေးမှူး​တွေဟာ ကြားညှပ်​​နေပါတယ်​။  နှစ်ဖက်တိုက်ပွဲတွေကြားမှာ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးတွေက ဟိုဘက်ကလည်း အမြင်​မကြည်​၊ ဒီဘက်​ကလည်းအမြင်​မကြည်​ပါ။ အကာအကွယ်​​လုံခြုံမှု လုံးဝမရှိ​တောတဲ့အတွက်​ အခုလို နုတ်​ထွက်​ဖို့ စီစဉ်​ကြတာပါ။ ဒီ​နေ့ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး အားလုံးအစည်းအ​ဝေးပြုလုပ်​ပြီး ၈၉ ဦး နှုတ်​ထွက်​သွားမှာပါ​"လို့​ပြောပါတယ်​။ ဒီကိစ္စ ​မြောက်​ဦးမြို့နယ်​ အုပ်​ချုပ်​​ရေးမှူးကို ဖုန်းဆက်​​မေးမြန်း​ခဲ့ပေမယ့် လက်​ခံ​ဖြေဆိုခြင်း မရှိပါဘူး။ ​မြောက်​ဦးမြို့နယ်​မှာ  ကျေးရွာအုပ်​စု​ပေါင်း ၁၀၃ အုပ်​စုရှိပြီး ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ပေါင်း ၁၀၃ ယောက် ရှိပါတယ်။
2 years Ago
Up