မြောက်ဦးဖြစ်စဉ်တွင် လူ ၇ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရဟု ရခိုင်ပြည်နယ် ရဲမှူးကြီးအတည်ပြု

January 17, 2018

မြောက်ဦးဖြစ်စဉ်တွင် လူ ၇ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရဟု ရခိုင်ပြည်နယ် ရဲမှူးကြီးအတည်ပြု

  ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဇန်န၀ါရီ ၁၆ ရက်ညနေပိုင်းက လူစုလူဝေးနဲ့ ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရတယ်လို့  ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။ မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရက္ခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာ ကျရှုံးခြင်း အခမ်းအနားကို ကျင်းပခွင့် မရတဲ့အတွက် ဒေသခံတွေက အုပ်​ချုပ်​​ရေးမှူးရုံးနဲ့ ရဲစခန်းကို သွား​ရောက်​ စု​ဝေး​တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ သက်​ဆိုင်​ရာက လူစုခွဲဖို့ သတိ​ပေး ​ပြောကြား​ခဲ့ပေမယ့် လူစုခွဲခြင်းမရှိဘဲ ခဲတွေနဲ့ ပြန်​လှန်​ပစ်​​ပေါက်​ခဲ့ကြလို့ ရဲတပ်​ဖွဲ့ဝင်​တွေက ​သေနတ်​ပစ်​​ဖောက်​ ဟန့်​တားခဲ့​ရ​တယ်လို့ ​မြောက်​ဦး မြို့နယ်​ရဲစခန်းကဆိုပါတယ်​။ လတ်တလောမှာ ဒဏ်ရာရရှိသူတွေကို မြောက်ဦးဆေးရုံကို ပို့ဆောင် ဆေးကုသမှု ခံယူနေတယ်လို့ မျက်​မြင်သက်သေက ပြောပါတယ်။
ဝဏ္ဏခွာညို
3 years Ago
Up