ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမှာ ခရီးသွား ဝင်ရောက်မှု နည်းပါးသွားတာကြောင့် ဟိုတယ်အချို့ကို ပိတ်ထားရတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကနေ စတင်ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော်အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေဟာ ၈ လနီးပါး ကြာမြင့်လာပြီးဖြစ်ပေယ့် တိုက်ပွဲတွေဟာ ရပ်ဆိုင်းမသွားဘဲ လက်ရှိအခြေအနေအထိ ဖြစ်ပွားနေပါတယ်။
ဒီလို တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ခရီးသွားလာရေးလုပ်ငန်းတွေကို ထိခိုက်မှုရှိနေပြီး အခုဆိုရင် တိုက်ပွဲဖြစ်ပွားရာနေရာ မြောက်ဦးက ဟိုတယ်အချို့ကိုလည်း ပိတ်ထားရတဲ့အခြနေအထိ ရောက်ရှိနေလို့ မင်းသမီးဟိုတယ်ပိုင်ရှင်ဦးလှမြင့်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဟိုတယ်က ရပ်နားထားရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဧည့်သည်တွေ ကျဆင်းသွားပြီတော့ အခုဆိုရင် ပိတ်ထားရပြီ၊ ကုန်ခဲ့တဲ့ ၆ လပိုင်းက မြောက်ဦးရဲ့ ဇုန်ဟိုတယ်တွေကို ဝင်ရောက်မှုဧည့်သည်က တယောက်လာက်ပဲရှိတယ်။ အဲ့ဒီကြားထဲမှာ ပြည်တွင်းဧည့်သည်တွေကလည်း တယောက်မှမလာဘူး။ နိုင်ငံတော်တော်များများကလည်း ရခိုင်ပြည်နယ်ကို မသွားဖို့ မလာဖို့ တားတာရှိတယ်။ မြောက်ဦးဟိုတယ်ရှိတာ ၆ လုံးရှိတယ်။ အဲ့ဒီထဲမှာ ၂ လုံးလောက်ပဲ လည်ပတ်နိုင်တယ်” လို့ပြောပါတယ်။
ဒီလိုဟိုတယ်နဲ့ မော်တယ်၊ တည်ခိုးခန်တွေကို ပိတ်ထားရတာကြောင့် ရာနဲ့ချီတဲ့ ဝန်းထမ်းတွေ အလုပ်လက်မဲ့ ဖြစ်နေကြပြီး ဟိုတယ်လုပ်ငန်းကို မှိခိုလုပ်ကိုင်နေတဲ့ ကားလုပ်ငန်း ဧည့်လမ်းညွန်း အရောင်းအဝယ်လုပ်ငန်း စတာတွေလည်း များစွာထိခိုက်နေရတယ်လို့ ဆိုပါတယ်။
မြောက်ဦးမှာ ဟိုတယ် ၆ လုံးရှိပြီး လက်ရှိအခြေအနေမှာ ဟိုတယ် ၂ လုံးလောက်သာ လည်ပတ်နိုင်ပေမယ့်ကျန်တဲ့ Guest house အလုံး ၂၀ ကလည်း လည်ပတ်နိုင်တာမရှိသလို ဝန်ထမ်းအချို့ကိုလည်း လျှော့ချခဲ့ရပါတယ်။
ခရီးသွားဧည့်သည် ပြန်လည်တိုးတက်လာဖို့အတွက်တော့ နယ်မြေအေးချမ်းဖို့ အဓိကလိုအပ်သလို လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းဖို့လိုတယ်လို့လို့ ရခိုင်ပြည်နယ်က ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက ပြောပါတယ်။
“ခရီးသွားတခု ဖွံဖြိုးတိုးတက်ဖို့ဆိုတာ ဒီဒေသခုရဲ့တည်ငြိမ်အေးချမ်းမှုက ပိုပြီးတော့ အဓိကကျပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မျက်မှောက် အခြေအနေကို ပြန်ကြည့်မယ်ဆိုရင်တော့ တောင်ပိုင်းအခြမ်းက ဘာမှာပြဿာနာမရှိပေမယ့် ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းဒေသ၊ ပြီးတော့ နယ်စပ်ပေါ့၊ တည်ငြိမ်းအေးချမ်းမှု မရှိသလောက်ပါပဲ၊ ဒါကြောင့်မို့လို့ ခရီးသွားဧည့်သည်းကလည်း ကျဆင်းသွားတာဖြစ်ပါတယ်။”
ဒီလိုဟိုတယ်နဲ့ Gust house အချို့ ရပ်နားထားတဲ့ အခြေအနေတွေကို ပြည်နယ်အစိုးရအဖွဲ့တွေ၊ သက်ဆိုင်ရာတွေကို တင်ပြထားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ကျဆင်းနေတဲ့ ရခိုင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာဖို့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကိုယ်တိုင် ဦးဆောင်ပြီး အကောင်ထည်ဖော်ဆောင်ရွက်နေတာရှိပေမယ့် လက်ရှိအခြေအနေမှာ တိုက်ပွဲတွေ ရပ်ဆိုင်းသွားတာ မရှိဘဲ ခရီးသွားလုပ်ငန်း တိုးတက်ရေး လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဟိုတယ်လုပ်ငန်းရှင်တွေက ဝေဖန်ပါတယ်။
၂၀၁၈ ခုနှစ်အတွင်းက ရခိုင်ပြည်မှာ ခရီးဝင်ရောက်မှု ၅၁၀၀၀ ကျော်သာရှိခဲ့တာပါ။ ဒါ့အပြင် တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာခဲ့တဲ့ ဒီနှစ်ထဲမှာတော့ ရခိုင်မြောက်ပိုင်းကို ခရီးသွားဝင်ရောက်တာ သိသိသာသာကျဆင်းသွားပြီး ဇွန်လနဲ့ ဇူလိုင်လတို့မှာ ခရီးသွားဝင်ရောက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို
4 years Ago