မြောက်ဥက္ကလာပမြို့နယ်မှာ ယာဉ်တိုက်မှုကြောင့် အိန္ဒိယနိုင်ငံသား ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင် ၇ ရက်နေ့ ညနေ ၃ နာရီခွဲမှာ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း အဝိုင်းမီးပွိုင့် ဘက်မှ မယ်လမု ဘုရားဘက်ကို အိန္ဒိယနိုင်ငံသား Mr.Rajesh Chand Dhyani (၃၉) နှစ် မောင်းနှင်ပြီး အိန္ဒိယနိုင်ငံသား Mr.Pranay Joshi (၂၇) နှစ် လိုက်ပါလာတဲ့ 2K/×××× Alphard ယာဉ်က စိန်ပန်းမြိုင် ရဲရိပ်သာရှေ့အရောက် လမ်းယာဘက်ဘေးမှာ ရပ်ထားတဲ့ ခရီးသည်တင်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ တိုက်မိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
Mr.Rajesh Chand Dhyani မှာ နဖူးပွန်းဒဏ်ရာနဲ့ Mr.Pranay Joshi မှာ ရင်ဘတ်အောင့် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိတဲ့ ၂ ဦးကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့စဉ် Mr.Rajesh Chand Dhyani ဟာ လမ်းမှာ သေဆုံးသွားပါတယ်။
Mr.Pranay Joshi ကတော့ ဆေးရုံမှာ တက်ရောက်ကုသနေပြီး အခြေနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
Mr.Rajesh Chand Dhyai (သေဆုံး)ကို မြောက်ဥက္ကလာပ မြို့မရဲစခန်း ယာဉ်(ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
5 years Ago