မြောက်အိုင်ယာလန်နိုင်ငံ လန်ဒန်ဒါရီမြို့မှာ ဧပြီလ ၁၈ ရက် ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း အမျိုးသမီး သတင်းထောက် တစ်ယောက် သေဆုံးခဲ့ပါတယ်။
လို့င်လာမက်ကီးဆိုသူ အသက် ၂၉ နှစ်အရွယ် သတင်းထောက်ဟာ အဓိကရုဏ်းအကြောင်းကို တွစ်တာမှာ ပို့စ်တင်ပြီးနောက် သေနတ်နဲ့ ပစ်သတ်ခံရတာပါ။ လို့င်လာမက်ကီးဟာ အဲဒီ အဓိကရုဏ်းကို “အကြွင်းမဲ့ မိုက်မဲမှု” ဆိုပြီး ဖော်ပြခဲ့ပါတယ်။
သေနတ်ပစ်ခံရပြီးနောက် လို့င်လာမက်ကီးဟာ ရဲကားတစီးဘေး လဲကျခဲ့ပြီး သူ့ကို အာ့တ်နေဂိုဗင် ဆေးရုံဆီ အမြန်ပို့ခဲ့ပေမယ့် ဆေးရုံမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၂၀၀၆ ခုနှစ်က Sky News သတင်းဌာန လူငယ် သတင်းထောက်ဆုရခဲ့တဲ့ မက်ကီးဟာ မြောက်အိုင်ယာလန်က ဆယ်စုနှစ် ၃ ခုကြာ ဂိုဏ်းဂဏစွဲ အကြမ်းဖက်မှုအတွင်း လူငယ်တွေ ပျောက်ဆုံးသွားတဲ့ အကြောင်းကို စာအုပ်ရေးသားနေတာပါ။
အဲဒီ ဂိုဏ်းဂဏစွဲ အကြမ်းဖက်မှု အတော်များများဟာ ၁၉၉၈ ခုနှစ် Good Friday ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ပြီးဆုံးခဲ့ပါတယ်။
သတင်းထောက် မက်ကီးသေဆုံးမှုကို အိုင်းရစ် ကတ်သလစ် အမျိုးသားရေး ၀ါဒီနဲ့ ဗြိတိန်ထေက်ခံတဲ့ ပရိုတက်စတင့် နိုင်ငံရေးသမားတွေက ပြစ်တင်ရှုတ်ချပြီး အဲဒီဖြစ်ရပ်ကို အကြမ်းဖက် တိုက်ခိုက်မှုလို့ သတ်မှတ်ခဲ့ပါတယ်။
2 years Ago