မြောက်မက်ဆီဒိုးနီးယား

June 14, 2018

မြောက်မက်ဆီဒိုးနီးယားသမ္မတနိုင်ငံဟု အမည်ပေးမှုအပေါ် လူ ၂၀၀၀ ခန့် ဆန္ဒပြ

မက်ဆီဒိုးနီးယားနိုင်ငံအစား မြောက်မက်ဆီဒိုးနီးယားသမ္မတနိုင်ငံလို့ နာမည်ပေးဖို့ ဂရိနိုင်ငံနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်ကို လူပေါင်း ၂၀၀၀ နီးပါးက မြို့တော် စကော့ဂျယ်မှာ ဇွန်လ ၁၃ ရက် ညက ဆန္ဒပြခဲ့ကြပါတယ်။ မက်ဆီဒိုးနီးယားသမ္မတ ဂျော့အီဗန်နော့ကလည်း နိုင်ငံနာမည်ပြောင်းမယ့်အရေးမှာ ဂရိနိုင်ငံနဲ့ ရရှိထားတဲ့ သဘောတူညီချက်ကို တားမြစ်မယ်လို့ ပြောထားပါတယ်။ ဆန္ဒပြပွဲကို အမျိုးသားရေးဝါဒီ ခရစ်ယာန်ညီနောင်များအဖွဲ့က စီစဉ်တာပါ။ ဆန္ဒပြသူတွေကတော့ သဘောတူညီချက်ကို ဗီတိုအာဏာသုံး ပယ်ချမယ်ဆိုတဲ့ သမ္မတ သဘောထားကို ထောက်ခံတယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင် ဖြစ်ရေးအတွက်ဆိုပြီး မပြည့်စုံတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးတာဟာ ဆင်ခြေဖြစ်တယ်လို့ သမ္မတက ပြောထားပါတယ်။ မက်ဆီဒိုးနီးယားနိုင်ငံ နာမည်ပြောင်းရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းတာတွေကို ဂရိနဲ့ မက်ဆီဒိုးနီးယား ဝန်ကြီးချုပ်တို့က ဦးဆောင်နေတာပါ။ အရင်က မက်ဆီဒိုးနီးယားနိုင်ငံကို Former Yugoslav Republic of Macedonia လို့ ကုလသမဂ္ဂက ခေါ်ပါတယ်။ ဂရိနိုင်ငံ မြောက်ပိုင်းပြည်နယ်တခုရဲ့ နာမည်ကလည်း မက်ဆီဒိုးနီးယား ဖြစ်နေလို့ အိမ်နီးချင်းနိုင်ငံနဲ့ နာမည်တူတဲ့အပေါ် ပိုင်နက်အငြင်းပွားမှုဖြစ်နိုင်လို့ ဂရိက ကန့်ကွက်ခဲ့ပါတယ်။
3 years Ago
Up