မြောက်ပိုင်းပင်လယ်

June 29, 2018

မြောက်ပိုင်းပင်လယ်ကို တယောက်စီးလှေဖြင့် ဖြတ်သန်းပြီး စံချိန်တင်သည့် ၁၂ နှစ်သားလေး

အသက် ၁၂ နှစ်အရွယ် ပြင်သစ်ယောက်ျားလေး တွန်မ် ဂိုဟွန်ဟာ မြောက်ပိုင်းပင်လယ်ကို တယောက်စီးလှေနဲ့ ၁၅ နာရီနီးပါး ဖြတ်သန်းအပြီး ဇွန် ၂၇ ရက်က စံချိန်သစ် တင်လိုက်ပါတယ်။ သူ့ဖခင်က ဘေးကနေ လှေအကြီးတစီးနဲ့ လိုက်ပါ စောင့်ကြည့်ခဲ့တာပါ။ ဂိုဟွန်ဟာ မိုင် ၆၀ ခရီးကို ၁၄ နာရီ မိနစ် ၂၀ ကြာအောင် ခရီးနှင်ခဲ့ပါတယ်။ သူဟာ ဝိတ်ကျွန်းငယ်လေးကနေ ခရီးစထွက်လာပြီး ပြင်သစ်မြောက်ပိုင်း ရှာဟ်ဗို့ထ်မြို့ကို ရောက်လာခဲ့ကာ သူရောက်အလာကို ပြင်သစ်မီဒီယာတွေက စောင့်နေခဲ့တာပါ။ ဂိုဟွန်ဟာ ၈ နှစ်သားမှာ စ ရွက်လွှင့်ခဲ့ပြီး ပြင်သစ်နိုင်ငံအတွင်း ပြိုင်ပွဲအမျိုးမျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၀၆ မှာ ပြင်သစ်အမျိုးသား ရွက်လွှင့်ချန်ပီယံပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဘရစ်တနေဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး ပြိုင်ပွဲဝင် အယောက် ၆၀ ထဲမှာ နံပါတ် ၆ နဲ့ ပန်းဝင်ခဲ့ပါတယ်။
3 years Ago
Up