မြောက်ဒဂုံတွင် အမျိုးသမီး ၁ ဦး ပဒူကောင်ကိုက်ခံရပြီး သေဆုံး

A d v e r t i s e m e n t With Us

June 10, 2019

မြောက်ဒဂုံတွင် အမျိုးသမီး ၁ ဦး ပဒူကောင်ကိုက်ခံရပြီး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊  ၃၂ရပ်ကွက်၊ ဦးကြင်ဥ (၃)လမ်းမှာ အမျိုးသမီးတဦး ပဒူပိုးကောင်ကိုက်ခံရပြီး သေဆုံးသွားပါတယ်။ ဇွန်လ ၉ ရက် ည ၈နာရီ ၄၀ မိနစ်လောက်က ဦးကြင်ဥ (၃)လမ်းနေ အမျိုးသမီး တဦး ပဒူကောင်တုတ်လို့ သေဆုံးသွားခဲ့တဲ့အတွက် သေဆုံးသူကို နာရေးကူညီမှုအသင်း(ရန်ကုန်)က မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပါတယ်။ ဒါ့အပြင် အခင်းဖြစ်ရာနေရာအနီးမှာ ရပ်ကွက်အုပ်ချုပ်ရေး၊ မြို့နယ်စည်ပင်၊ မီးသတ်နဲ့ ပရဟိတ အသင်းတို့ ပူပေါင်းပြီး  ပဒူအသိုက်ကို ရှင်းလင်းခဲ့ရတယ်လို့လည်း သိရပါတယ်။
2 years Ago
Up