မြောက်ကိုရီးယား နိုင်ငံတကာ မာရသွန်ပြေးပွဲကို ဧပြီ ၁၀ ရက်နေ့က ပြုံယမ်းမြို့တော်မှာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၅၀ ကျော်က အပြေးသမားတွေ အပါအ၀င် ၁၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်ရုပ်သံက ကြေညာပါတယ်။
မြောက်ကိုရီးယား နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ပြုံယမ်းမြို့တော်ရဲ့ မေဒေးအားကစားကွင်းကနေ စတင်တာထွက်ကြပြီး ထောင်သောင်းချီတဲ့ ပရိသတ်တွေ တက်ရောက်အားပေးခဲ့ကြပါတယ်။
မာရသွန်အပြည့်ပြေးပွဲ၊ မာရသွန်တ၀က်နဲ့ ၁၀ ကီလို အပြေးပြိုင်ပွဲဆိုပြီး ပြိုင်ပွဲ ၃ ခုခွဲပြီး ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ကေစီအန်အေ အစိုးရသတင်းဌာနက ပြောပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံခြားသားတွေကတော့ ကင်ညာ၊ အီသီယိုးပီးယား၊ ဇင်ဘာဘွေ၊ တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေက ဖြစ်ကြပါတယ်။
မြောက်ကိုရီးယား အစိုးရက ဒီ နိုင်ငံတကာ မာရသွန်ပြေးပွဲကို ၁၉၈၁ ခုနှစ်ကတည်းက စကျင်းပလာခဲ့ပြီး နိုင်ငံတကာက အပျော်တမ်း ၀င်ရောက်ယှဉ်ပြိုင်လိုသူတွေကိုတော့ ၂၀၁၄ ခုနှစ်ကစပြီး ခွင့်ပြုခဲ့တာ။
5 years Ago