မြောက်ကိုရီးယား စစ်သမီးတေးဂီတအဖွဲ့ တရုတ်ချစ်ကြည်ရေး ဖျော်ဖြေပွဲ ဖျက်သိမ်း

December 13, 2015

မြောက်ကိုရီးယား စစ်သမီးတေးဂီတအဖွဲ့ တရုတ်ချစ်ကြည်ရေး ဖျော်ဖြေပွဲ ဖျက်သိမ်း

တရုတ်နိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်ကြတဲ့ မြောက်ကိုရီးယားစစ်သမီး တေးဂီတအဖွဲ့ဟာ ပေကျင်းမြို့တော်မှာ တပွဲမှ မဖျော်ဖြေရပဲ ဒီဇင်ဘာ ၁၂ ရက်နေ့က အစီအစဉ်ဖျက်ပြီး  ပြုံယမ်းမြို့တော်ကို ပြန်လာခဲ့ကြပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပေကျင်းမြို့တော် အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေပွဲ ၃ ပွဲ စီစဉ်ခဲ့ပေမယ့် ဖျော်ဖြေပွဲမတိုင်ခင် နာရီပိုင်းအလိုမှာပဲ တေးဂီတအဖွဲ့ဝင်တွေဟာ ပေကျင်းလေဆိပ်ကို ရောက်ရှိလာကြပြီး ပြုံယမ်းမြို့တော်ကို ပြန်သွားကြတယ်လို့ ဆိုပါတယ်။ ဘာကြောင့် အစီအစဉ်ကို ရုတ်တရက်ဖျက်ခဲ့တယ်ဆိုတာတော့ မရှင်းလင်းသေးပါဘူး။ မြောက်ကိုရီးယားစစ်သမီးတွေချည်း သီးသန့်ဖွဲ့စည်းထားတဲ့ မိုရမ်ဘွန် Moranbong စစ်သမီးတေးဂီတအဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုယ်တိုင် လက်သပ် ရွေးချယ်ထားတဲ့ တေးဂီတအဖွဲ့ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံမှာ အထူးရေပန်းစား လူကြိုက်များတဲ့ တေးဂီတအဖွဲဖြစ်ပါတယ်။ တရုတ်ချစ်ကြည်ရေးခရီးစဉ်ဟာလည်း သူတို့ရဲ့ ပထမဆုံး ပြည်ပချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ ပြုံယမ်းမြို့တော်က ထွက်ခွာလာခဲ့ကြတာပါ။ ဓာတ်ပုံ - စီစီတီဗွီ  
7 years Ago
Up