မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့ဟာ နှစ်သစ်ကူးအကြို စန္ဒရားလက်စွမ်းပြပွဲကို မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာ ဒီဇင်ဘာ ၂၇ ရက်က ပူးတွဲကျင်းပခဲ့ကြပါတယ်။
ပြုံယမ်း ဂီတကျောင်းက ဟန်အီယောင်နဲ့ မာဆင်အေးတို့က တကိုယ်တော်နဲ့ သံစုံတီးဝိုင်းပုံစံ ၂ မျိုးစီနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
အဲဒီနောက် မြောက်ကိုရီးယားနဲ့ ရုရှား ဂီတတွေကို ကျောင်းသား ၂ ဦးက ဖျော်ဖြေခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ ကေစီအန်အေက အစီရင်ခံပါတယ်။
ကေစီအန်အေက ပေးပို့လာတဲ့ ဒီရုပ်သံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိပါဘူး။
ကင်မ်ဝမ်းဂျွန်း ဂီတခန်းမမှာ ကျင်းပတဲ့ ဒီပွဲကို ရုရှားသံအမတ်ကြီးနဲ့ မြောက်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီးတို့ တက်ရောက်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှား သံတမန်ဆက်ဆံရေးဟာ ၁၉၄၈ ခုနှစ်တည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။
6 years Ago