မြောက်ကိုရီးယားနှင့်ပတ်သက်သည့် ဆွေးနွေးမှု အရေးတကြီးလုပ်ဖို့လိုဟု တရုတ် ပြော

March 21, 2017

မြောက်ကိုရီးယားနှင့်ပတ်သက်သည့် ဆွေးနွေးမှု အရေးတကြီးလုပ်ဖို့လိုဟု တရုတ် ပြော

မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ အရေးတကြီးလုပ်ဖို့ လိုနေပြီလို့ မတ် ၂၀ ရက်နေ့က မြို့တော် ဘေကျင်းမှာပြုလုပ်တဲ့ ၂၀၁၇ ခုနှစ် တရုတ်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် (China Development Forum) မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ပြောခဲ့ပါတယ်။ မတ် ၁၈ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ခ်တေလာဆန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံပူးပေါင်းပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားကို တခြားလမ်းကြောင်းပေါ်ရောက်အောင် အာရုံလွှဲဖို့ ကြိုးစားကြမယ်လို့ ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပစ်မှတ်ကို အတိအကျ ထိမှန်စေနိုင်တဲ့ ဒုံးကျည်အင်ဂျင်အသစ်ကို စမ်းသပ်ပြီးပြီလို့ မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
5 years Ago
Up