မြောက်ကိုရီးယားအရေး ပူးပေါင်းဆောင်ရွက်ရန် ဒေါ်နယ်ထရမ့်နှင့် တောင်ကိုရီးယားသမ္မတသစ် သဘောတူ

May 11, 2017

မြောက်ကိုရီးယားအရေး ပူးပေါင်းဆောင်ရွက်ရန် ဒေါ်နယ်ထရမ့်နှင့် တောင်ကိုရီးယားသမ္မတသစ် သဘောတူ

တောင်ကိုရီးယားသမ္မတသစ်  မွန်းဂျဲအင်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ပြဿနာနဲ့ပတ်သက်ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း သဘောတူခဲ့ကြပါတယ်။ ခေါင်းဆောင် ၂ ဦးတို့ဟာ မေလ ၁၀ ရက်နေ့က ပထမဆုံးအကြိမ် ဖုန်းနဲ့ ပြောကြား သဘောတူခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ အိမ်တော်က ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ပြဿနာဟာ ရှုပ်ထွေးပေမယ့် ဖြေရှင်းလို့ရတဲ့ ပြဿနာတခုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတသစ် မွန်းဟာ မဲဆွယ်စဉ်ကာလက မြောက်ကိုရီးယားအပေါ် သဘောထား ပျော့ပျောင်းစွာ ချဉ်းကပ်ပြီး ၁၀ နှစ်ကြာ သဘောထားတင်းမာတဲ့ အုပ်စိုးမှုကို အဆုံးသတ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မေလ ၉ ရက်နေ့မှာပြုလုပ်တဲ့ တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲမှာ မွန်းဂျဲအင်း အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up