မြောက်ကိုရီးယားသွားမည့် ကုလအကြီးကဲ ပေကျင်းရောက်ရှိ

December 5, 2017

မြောက်ကိုရီးယားသွားမည့် ကုလအကြီးအကဲ ပေကျင်းရောက်ရှိ

ကုလသမဂ္ဂရဲ့ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ ဂျက်ဖရီ ဖက်လ်တ်မန်း (Jeffrey Feltman) ဟာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ဖို့ ဒီဇင်ဘာ ၅ ရက်နေ့မှာ  ပေကျင်း နိုင်ငံတကာလေဆိပ်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ကုလအဆင့်မြင့်ကိုယ်စားလှယ်ဟာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ပြီး နှစ်ဖက် အကျိုးစီးပွားနဲ့ စိုးရိမ်ပူပန်မှုတွေကို ဆွေးနွေးမယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ကုလသမဂ္ဂက ပြောကြားပါတယ်။ ဂျက်ဖရီ ဖက်လ်တ်မန်းဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၊ ဒု-ဝန်ကြီးတို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ နောက်ပြီး မြောက်ကိုရီးယားမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ အပါအဝင် သံတမန်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှု၊ လက်ရှိ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ လေကြောင်းစစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတဲ့ တင်းမာမှု မြင့်တက်နေစဉ်မှာ ကုလအဆင့်မြင့်ကိုယ်စားလှယ်တဦးရဲ့ အခုလို ရှားရှားပါးပါး မြောက်ကိုရီးယား ခရီးစဉ် ထွက်ပေါ်လာတာလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up