မြောက်ကိုးရီးယားနိုင်ငံမှာ ကျင်းပတဲ့ ၉ ကြိမ်မြောက် လူငယ်ကွန်ဂရက်မှာ လူငယ် ၁ သိန်းခွဲက ခေါင်းဆောင်ကင်ဂျုံအန်းကို တက်ရောက်ဂါရ၀ပြုခဲ့ကြပြီး မီးရှူးမီးပန်းအမြောက်အမြား အသုံးပြုသွားပါတယ်။
သြဂုတ် ၂၈ ရက်က မြို့တော်ပြုံယမ်းမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး The Rungrado 1st of May စတူဒီယမ်မှာ ၂၃ နှစ်အတွင်း ပထမအကြိမ်အဖြစ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
လူ ၁ သိန်းခွဲကျော်ဆံ့တဲ့ ဒီကွင်းထဲကို ကင်ဂျုံအန်းဝင်လာတာနဲ့ အားလုံးက မတ်တပ်ရပ်ပြီး ကြိုဆိုခဲ့ကြပါတယ်။
ပွဲတော်ကျင်းပတာဟာ ၁ နာရီလောက်ပဲကြာမြင့်ပြီး မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့သလို မီးတုတ်တွေ ကိုင်ထားတဲ့ လူငယ်တွေက ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ သရုပ်ဖော်ခဲ့ကြပါတယ်။
သြဂုတ် ၂၆ ကနေ ၂၈ အထိကျင်းပတဲ့ ညီလာခံမှာ ဘာတွေလုပ်ဆောင်တယ်၊ ဘာဆုံးဖြတ်ချက်တွေ ချမှတ်သလဲဆိုတာ ထုတ်ပြန်ခြင်းမရှိပါဘူး။ နိုင်ငံတကာ သတင်းထောက်တွေလည်း ၀င်ခွင့်မရပါဘူး။
၁၄ နှစ်ကနေ ၃၀ ကြားမှာရှိတဲ့ လူငယ်တွေက ဒီကွန်ဂရက်မှာ ပါဝင်ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ လူငယ်လိဂ်မှာတော့ အဖွဲ့ဝင် ၅ သန်းရှိတယ်လို့ မြောက်ကိုးရီးယားက ထုတ်ပြန်ထားပါတယ်။
5 years Ago