မြောက်ကိုရီးယားစစ်စခန်းများကို

September 14, 2017

မြောက်ကိုရီးယားစစ်စခန်းများကို ပစ်ခတ်နိုင်သည့် ဒုံးကျည်များ တောင်ကိုရီးယား စမ်းသပ် (ရုပ်သံ)

by dvburma တောင်ကိုရီးယားလေတပ်ဟာ စက်တင်ဘာ ၁၂ ရက်က မြောက်ကိုရီးယား စခန်းတွေကို  အတိအကျပစ်ခတ်နိုင်တဲ့ ဝေဟင်မှ မြေပြင်ပစ်တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်လေ့ကျင့်ခဲ့ပါတယ်။ တောင်ကိုရီးယား လေတပ်ဟာ ပထမဆုံးအကြိမ်အဖြစ် တောရက်စ် ဒုံးကျည် ကျည်အစစ်ကို အသုံးပြုပြီး၊ လေယာဉ်ပေါ်ကနေ မြေပြင်ရှိ မြောက်ကိုရီးယား စစ်စခန်းတွေကို ပစ်ခတ်တိုက်ခိုက်တဲ့ ပုံစံမျိုး လေ့ကျင့်ခဲ့တာပါ။ တောင်ကိုရီးယားလေတပ်ရဲ့ F-15K တိုက်လေယာဉ်ပေါ်ကနေ ပစ်ချခဲ့တဲ့ ဒုံးကျည်ဟာ ကီလိုမီတာ ၄၀၀ ထိ သွားရောက်ခဲ့ပြီး၊ ရည်ရွယ်တဲ့ ပစ်မှတ်ကို ထိမှန်အောင်ပစ်ခတ်နိုင်တာ တွေ့ရပါတယ်။ ဂျာမနီနိုင်ငံလုပ် တောရက်စ်ဒုံးကျည်ဟာ ကီလိုမီတာ ၅၀၀ အကွာထိ ပစ်ခတ်နိုင်ပြီး ရေဒါနဲ့ ဖမ်းယူနိုင်ခြင်းမရှိသလို ၃ မီတာ အထူရှိတဲ့ သံကူကွန်ကရစ်ကိုလည်း ဖောက်ထွင်းနိုင်စွမ်း ရှိပါတယ်။ ဒီလေ့ကျင့်မှုက တောရက်စ်ဒုံးကျည်ရဲ့ မဟာဗျူဟာမြောက် ပစ်ခတ်နိုင်စွမ်းကို စမ်းသပ်တာပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်လည်း အောင်မြင်ပါတယ်။ ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ကျနော်တို့ရဲ့ တိတိကျကျပစ်ခတ်နိုင်စွမ်းနဲ့ ချက်ချင်းပြန်လည် တိုက်ခိုက်သွားမှာပါ။” လို့ တောင်ကိုရီးယားလေတပ်အရာရှိ လီဟွန်ဝူးက ပြောကြားပါတယ်။ မြောက်ကိုရီးယားဟာ စက်တင်ဘာ ၃ ရက်က ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်ခဲ့တာကြောင့် ကုလလုံခြုံရေးကောင်စီက မြောက်ကိုရီးယားရဲ့ အဝတ်အထည် တင်ပို့ရောင်းချမှု၊ ရေနံ စတဲ့လောင်စာဆီတွေ မြောက်ကိုရီးယားကို တင်သွင်းမှုတွေကို ပိတ်ပင်ခဲ့ပါတယ်။ အဲဒီလို ပိတ်ဆို့အရေးယူတာနဲပတ်သက်ပြီး “တန်ရာတန်ကြေးပေးဆပ်ရမယ်” လို့ အမေရိကန်ကို မြောက်ကိုရီးယားက ပြန်လည်သတိပေးခဲ့ပါတယ်။
4 years Ago
Up