မြောက်ကိုရီးယားက နျူကလီးယားဒုံးကျည် အမျိုးအစားသစ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ဟု ပြော

April 16, 2017

မြောက်ကိုရီးယားက နျူကလီးယားဖြင့် တကမ္ဘာလုံးကို ခြိမ်းခြောက်နေဟု တောင်ကိုရီးယား ပြော

မြောက်ကိုးရိးယားဘက်က နျူကလီးယားစမ်းသပ်မှု အကြိမ်ကြိမ်လုပ်ပြနေတာဟာ ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေတာဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ချက်ချင်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။ “မြောက်ကိုရီးယားဟာ မနေ့က စစ်ရေးပြအခမ်းအနားမှာ ဒုံးလက်နက်အမျိုးမျိုးကို ပြသခဲ့ပါတယ်။ ဒီနေ့ တာဝေးပစ်ဒုံးလက်နက်ကို ပစ်ခတ်ပြီး တကမ္ဘာလုံးကို ခြိမ်းခြောက်ကြောင်း ပြသခဲ့ပါတယ်” လို့ တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် CHO JUNE-HYUCK က ပြောကြားသွားပါတယ်။ “နောက်ထပ် ဒီလို ပြင်းထန်တဲ့ နျူကလီးယား စမ်းသပ်မှုမျိုး၊ တာဝေးပစ်ဒုံးကျည်ပစ်လွှတ်မှုမျိုး ထပ်လုပ်မယ်ဆိုရင် ပြင်းထန်တဲ့ ဆုံးမမှုတွေ လုပ်ရလိမ့်မယ်။”
4 years Ago

February 13, 2017

မြောက်ကိုရီးယားက နျူကလီးယားဒုံးကျည် အမျိုးအစားသစ် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ဟု ပြော

တာလတ်ကနေ တာဝေးအထိပစ်နိုင်တဲ့ နျူကလီးယားဒုံးကျည် အမျိုးအစားသစ်တမျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ဖေဖော်ဝါရီိ ၁၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ပွတ်ဂွတ်ဆန်း ၂ လို့ အမည်ပေးထားတဲ့ နျူကလီးယားလက်နက်သစ် စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ ရုပ်သံဌာန (ကေစီအန်အေ) ဝက်ဆိုက်မှာ တရားဝင်ဖော်ပြထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံမှုကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ နျူကလီးယားလက်နက်ကို ပစ်မှတ်ဝေးဝေးထား ပစ်ခတ်ခဲ့တယ်လို့လည်း ကေစီအန်အေက ဆိုပါတယ်။ တောင်ကိုရီးယားစစ်တပ်ကတော့ မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ လက်နက်ဟာ  ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၄၂ မိုင်ကနေ အကွာအဝေး မိုင် ၃၀၀ လောက်အထိ ရောက်ခဲ့ပြီး ဂျပန်ပင်လယ်ပြင်ထဲ ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ၂ ကြိမ် အပါအဝင် စုစုပေါင်း နျူကလီးယားလက်နက် စမ်းသပ်မှု ၅ ကြိမ်တိတိ လုပ်ခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်မှုအားလုံးဟာ တာဝေးပစ်ဒုံးလက်နက်တွေ ထုတ်လုပ်နိုင်တဲ့ အနေအထားရှိတယ်လို့ အကဲခတ်တွေက ခန့်မှန်းပေမယ့် အဲ့ဒီခန့်မှန်းချက်တွေ မှန်မမှန်ဆိုတာကိုတော့ ဘယ်သူကမှ အတိအကျ စုံစမ်းစစ်ဆေးနိုင်စွမ်းမရှိကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up