မြောက်ကိုရီးယားက လက်နက်တမျိုး စမ်းသပ်ပစ်လွှတ် (ရုပ်သံ)

May 29, 2017

မြောက်ကိုရီးယားက လက်နက်တမျိုး စမ်းသပ်ပစ်လွှတ် (ရုပ်သံ)

မြောက်ကိုရီးယားဟာ မေလ ၂၉ ရက်မနက် ဒေသစံတော်ချိန် ၅ နာရီခွဲလောက်မှာ အမည်မသိ လက်နက်တမျိုးကို အရှေ့ဘက်ကမ်းခြေကနေ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ မြောက်ကိုရီးယားဘက်က ဒုံးကျည်ပစ်လွှတ်ပြီး အချိန်တိုတွင်းမှာပဲ ပြည်တွင်း လုံခြုံရေးကောင်စီ အစည်းအဝေးကို တောင်ကိုရီးယား သမ္မတသစ် မွန်ဂျေးအင်က ဒေသစံတော်ချိန် မနက် ၇ နာရီခွဲမှာ ခေါ်ယူခဲ့ပါတယ်။ ဒီတကြိမ် စမ်းသပ်တာဟာ စကဒ်ဒုံးအမျိုးအစား တာတိုပဲ့ထိန်းဒုံး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up