မြောက်ကိုရီးယား နျူကလီးယားဒုံးကျည် စမ်းသပ်မှုအပေါ် အရေးယူပိတ်ဆို့မှုလုပ်ရန် သဘောတူ

January 17, 2018

မြောက်ကိုရီးယား နျူကလီးယားအစီအစဉ် စွန့်လွှတ်ရေး ဒဏ်ခတ်မှု ဆက်လုပ်မည်ဟု ကုလပြော

မြောက်ကိုရီးယား နျူလီးယားအစီအစဉ် စွန့်လွှတ်ဖို့ အရေးယူဒဏ်ခတ်မှုတွေကို ဆက်လက်ပြုလုပ်ရမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့က ကုလသမဂ္ဂအစည်းအဝေးမှာ အထွေထွေအတွင်းရေးမှူး ဂူတာရက်စ်က ပြောကြားလိုက်တာပါ။ “ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံက ပြုလုပ်တဲ့ နျူကလီးယားစမ်းသပ်ချက်တွေနဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေအပေါ် တုံ့ပြန်ဆောင်ရွက်တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ကျနော် ကြိုဆိုထောက်ခံပါတယ်။" အဲဒီအရေးယူဒဏ်ခတ်မှုတွေကို အပြည့်အဝ အကောင်ထည်ဖော်ရမှာပါ။ လုံခြုံရေးကောင်စီ စည်းလုံးမှုဟာ သံတမန်နည်းအရ ဆောင်ရွက်ဖို့ လမ်းခင်းပေးလိုက်တာ ဖြစ်ပါတယ်။ “ကိုရီးယားနှစ်နိုင်ငံ စစ်ဘက် အရေးပေါ်ဖုန်းလိုင်း ပြန်ဖွင့်တာကို ကျနော် ကြိုဆိုပါတယ်။ ဒါဟာ  နှစ်နိုင်ငံကြား တင်းမာမှု လျှော့ချရေးနဲ့ နားလည်မှု လွဲမှားတာ လျှော့ချရေးအတွက် အရေးကြီးပါတယ်။ လာမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား ဝင်ရောက်ယှဉ်ပြိုင်မယ့် ဆုံးဖြတ်ချက်ကို ကျနော် အားတက်မိပါတယ်။ ဒေသတွင်းလုံခြုံရေး အထောက်အပံ့ ဖြစ်စေတဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်စင်ဖို့  ဒီလို မျှော်လင့်ချက် အရိပ်အယောင်လေးတွေပေါ် အခြေခံတည်ဆောက်သွားဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ ၂ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လာမယ့် ပြုံချမ်း အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယားက အားကစားအဖွဲ့ စေလွှတ်ဖို့ ပြောကြားခဲ့ပါတယ်။
4 years Ago

September 4, 2017

မြောက်ကိုရီးယား နျူကလီးယားဖောက်ခွဲခဲ့သည့်နေရာ ပစ်မှတ်ထား စစ်ရေးလေ့ကျင့်မှု တောင်ကိုရီးယားပြုလုပ်

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲခဲ့တဲ့ နေရာကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၄ ရက် အစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။ တောင်ကိုရီးယားလေတပ်နဲ့ ကြည်းတပ်တို့ ပါဝင်တဲ့ အခုစစ်ရေးလေ့ကျင့်မှုမှာ ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည် အပါအဝင် ပဲ့ထိန်းဒုံးကျည်တွေကို အသုံးပြုပြီး စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ အခုစစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားစစ်သားတွေပဲ ပါဝင်ပေမယ့် အမေရိကန်စစ်တပ်နဲ့ပါ ပူးတွဲလေ့ကျင့်ဖို့ ပြင်ဆင်ထားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ သြဂုတ် ၃ ရက်က ၆ ကြိမ်မြောက်လည်းဖြစ်၊ အရင်အကြိမ်တွေထက် အပြင်းထန်ဆုံးလည်းဖြစ်တဲ့ နျူကလီးယား စမ်းသပ်ခဲ့ပါတယ်။ အခုစမ်းသပ်တဲ့ နျူကလီးယားဗုံးဟာ မြောက်ကိုရီးယားရဲ့ တာဝေးပစ်ဒုံးကျည်ထိပ်ဖူးမှာ သုံးနိုင်ဖွယ်ရှိတယ်လို့လည်း ယူဆထားကြပါတယ်။
4 years Ago
More News
Up