မြောက်ကိုရီးယားသံအမတ်ကြီးကို စက်တင်ဘာလ မကုန်ခင် စပိန်နိုင်ငံကနေ ထွက်ခွာဖို့ ညွှန်ကြားထားတယ်လို့ စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက် အစီအစဉ် စွန့်လွှတ်ဖို့ အကြိမ်ကြိမ် ငြင်းဆန်တာကြောင့် အခုလို ပြုလုပ်ရတာဖြစ်တယ်လို့ စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီလအတွင်းမှာ မြောက်ကိုရီးယားဟာ ဆဋ္ဌမမြောက်နဲ့ အကြီးဆုံး နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေကိုလည်း မြောက်ကိုရီးယားအပေါ် သံတမန်နဲ့ ဘဏ္ဍာရေး အဆက်အသွယ်တွေ ဖြတ်တောက်ကြဖို့ တောင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago