ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောခဲ့ပြီး မြောက်ကိုရီးယားအပေါ် ထပ်အရေးယူဖို့ လိုအပ်တယ်ဆိုတာ သဘောတူခဲ့တယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နောက်ဆုံးအချီ ဒုံးကျည်ပစ်လွှတ်မှုအပြီးမှာ ခုလိုပြောလိုက်တာပါ။
မြောက်ကိုရီးယားအရေး ထရမ့်ရဲ့ကတိကို သူ ချီးကျူးတယ်၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကနေ ဂျပန်ပြည်သူတွေကို ကာကွယ်ဖို့ အဆုံးစွန်အားထုတ်မယ်လို့ ဂျပန်ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူမလား ဆိုတာကိုတော့ အာဘေးနဲ့ ထရမ့်တို့ ဒီကနေ့ တယ်လီဖုန်း အစည်းအဝေးအတွင်း မဆွေးနွေးခဲ့ဘူးလို့ ဂျပန်အစိုးရ ပြောခွင့်ရက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန် ကုန်းမကြီးကို ရောက်အောင် ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ သက်သေပြနိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် နောက်တစီးကို အောင်အောင်မြင်မြင် ပစ်လွှတ်ခဲ့တယ်လို့ ဇူလိုင် ၂၈ ရက်နေ့က ပြောခဲ့ပါတယ်။
6 years Ago