မြောက်ကိုရီးယားသင်္ဘောများကို

April 28, 2018

မြောက်ကိုရီးယားသင်္ဘောများကို စောင့်ကြည့်ရန် သြစတြေးလျ လေယာဉ်တစင်းစေလွှတ်မည်

မြောက်ကိုရီးယားသင်္ဘောတွေကို စောင့်ကြည့်ဖို့ သြစတြေးလျ စစ်ဘက်ထောက်လှမ်းရေး လေယာဉ်တစင်း စေလွှတ်မယ်လို့ သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်ဘူလ်က ဧပြီ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယား သင်္ဘောတွေဟာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကုန်ပစ္စည်း တွေကို သယ်နေတယ်လို့ သံသယရှိကြောင်းလည်း သူက ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ဖျက်သိမ်းရေးကို အကောင်အထည်ဖော်ဖို့ တောင် -မြောက် ကိုရီးယားခေါင်းဆောင်နှစ်ဦး သမိုင်းဝင်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နောက်တစ်နေ့မှာ အခုလို ကြေညာလိုက်တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တောင်-မြောက်ကိုရီးယား ခေါင်းဆောင်တွေ  တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် နျူကလီးယားလက်နက် အစီအစဉ်တွေအတွက် ပိတ်ဆို့အရေးယူ ဖိအားပေးမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောထားတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြ ထားပါတယ်။
3 years Ago
Up