မြောက်ကိုရီးယားမှ ပြန်လွတ်လာသည့် အမေရိကန်ကျောင်းသား သေဆုံး

June 23, 2017

မြောက်ကိုရီးယားမှ ပြန်လွတ်ပြီး ရက်ပိုင်းတွင်း သေဆုံးသွားသည့် အမေရိကန်ကျောင်းသားဈာပန ကျင်းပ

မြောက်ကိုရီးယားနိုင်ငံမှာ အဖမ်းခံရကာ ပြန်လွတ်လာပြီး ရက်ပိုင်းအတွင်း သေဆုံးသွားတဲ့ အမေရိကန်ကျောင်းသား အော်တိုဝမ်ဘီယာရဲ့ ဈာပနအခမ်းအနားကို ဇွန် ၂၂ ရက်က အိုဟိုင်းအိုးပြည်နယ်က သူ တက်ခဲ့တဲ့ ကျောင်းမှာပြုလုပ်ခဲ့ပြီး သူ့ကို ချစ်ခင်ရင်းနှီးသူ ၂၅၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိ ဝမ်ဘီယာဟာ ပြီးခဲ့တဲ့နှစ်က မြောက်ကိုးရီးယားကို သွားရောက်လည်ပတ်စဉ် အစိုးရ ဝါဒဖြန့်ကြော်ငြာတခုကို ခိုးယူဖို့ ကြိုးစားခဲ့တဲ့အတွက် မြောက်ကိုရီးယားအစိုးရက သူ့ကို ဖမ်းဆီးပြီး ထောင် ၁၇ လ ချမှတ်ခဲ့ပါတယ်။ သူဟာ ထောင်ထဲမှာနေစဉ် ပြင်းပြင်းထန်ထန် နှိပ်စက်ခံရမှုကြောင့် ဦးနှောက်တစ်ရှူးတွေ ချို့ယွင်းပြီး ကိုမာရောဂါ ခံစားခဲ့ရပါတယ်။ ဒီအတွက် အမေရိကန်အစိုးရရဲ့ ညှိနှိုင်းမှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြန်လွတ်လာခဲ့ပါတယ်။ ဝမ်ဘီယာဟာ ပြန်လွတ်ချိန်မှာ မှတ်ဉာဏ်အားလုံး ချို့ယွင်းသွားပြီး ဘာကိုမှ မမှတ်မိတော့ပါဘဲ မကြာခင်ရက်ပိုင်းမှာဘဲ ဝမ်ဘီယာ ကွယ်လွန်သွားကြောင်း သမ္မတ ထရမ့်ကိုယ်တိုင်က သတင်းမီဒီယာတွေကို အသိပေးပြောကြားခဲ့ပါတယ်။
4 years Ago

June 20, 2017

မြောက်ကိုရီးယားမှ ပြန်လွတ်လာသည့် အမေရိကန်ကျောင်းသား သေဆုံး

ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယားကနေ ပြန်လွတ်လာတဲ့ အမေရိကန်ကျောင်းသား အော်တိုဝမ်ဘီယာ ဇွန်လ ၁၉ ရက်နေ့က ကွယ်လွန်သွားကြောင်း ဘီဘီစီသတင်းအရ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ အော်တိုဝမ်ဘီယာဟာ မြောက်ကိုရီးယားမှာ ၁၇ လကြာ ဖမ်းဆီိးခံရစဉ် ကိုမာဝေဒနာ ခံစားခဲ့ရပြီး ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လွတ်လာတာ ဖြစ်ပါတယ်။ အော်တိုဝမ်ဘီယာဟာ အစာအဆိပ်သင့်ခဲ့လို့ ကိုမာဝေဒနာ ခံစားခဲ့ရတယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုကတော့ မြောက်ကိုရီးယားရဲ့ ဆိုးဆိုးဝါးဝါး နှိပ်စက်ညှဉ်းပန်းမှုကြောင့် အခုလိုဖြစ်ရတာလို့ ဆိုပါတယ်။ အမေရိကန်ကို ပြန်ရောက်လာပြီးတဲ့နောက် ဆရာဝန်တွေရဲ့ စစ်ဆေးချက်တွေအရ အော်တိုဝမ်ဘီယာရဲ့ ဦးနှောက်အင်္ဂါအစိတ်အပိုင်း အတော်များများ ပျက်စီိးသွားတာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အော်တိုဝမ်ဘီယာဟာ ဗားဂျီးနီးယားတက္ကသိုလ်က စီးပွားရေးအထူးပြု ကျေင်းသားဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ဝါဒဖြန့် ပိုစတာတခုကို ခိုးယူခဲ့တာကြောင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့က ပြုံယမ်း နိုင်ငံတကာလေဆိပ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
4 years Ago
Up