မြောက်ကိုရီးယားစစ်သားတဦး တောင်ကိုရီးယားဘက် ထွက်ပြေး

December 21, 2017

မြောက်ကိုရီးယားစစ်သားတဦး တောင်ကိုရီးယားဘက် ထွက်ပြေး

မြောက်ကိုရီးယားစစ်သားတဦးဟာ ဒီဇင်ဘာ ၂၁ ရက် မနက် ၈ နာရီ ၄ မိနစ်လောက်မှာ တောင်-မြောက်နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားဘက်ကို ထွက်ပြေးလာခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ရိုဂျေချောင်က ပြောပါတယ်။ ဒါဟာ ပထမ မြောက်ကိုရီးယား စစ်သားတဦး ထွက်ပြေးခဲ့အပြီး အချိန်တလကျော်အတွင်း ဒုတိယမြောက် မြောက်ကိုရီးယားစစ်သား တောင်ကိုရီးယားဘက်ကို ထွက်ပြေးခဲ့တာပါ။ နှစ်ဖက်စစ်တပ် အကြီးအကျယ်ချထားတဲ့ တောင်-မြောက်ကိုရီးယားနယ်စပ်ကို ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သားကို မြောက်ကိုရီးယားစစ်သားတွေက လိုက်လံပစ်ခတ်ခဲ့လို့ တောင်ကိုရီးယားစစ်သားတွေက သတိပေးတဲ့အနေနဲ့ သေနတ်အချက် ၂၀ လောက် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟပ်သတင်းမှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း မြောက်ကိုရီးယားစစ်သားတဦးဟာ တောင်ကိုရီးယားဘက်ကို သေနတ်ဒဏ်ရာတွေနဲ့ ထွက်ပြေးလာနိုင်ခဲ့ပါတယ်။
4 years Ago
Up